နွေရာသီကဂါဝန်လက်ပြတ်၊ အင်္ကျီလက်ပြတ်၊ ဘောင်းဘီတို၊ ဘီကီနီ တို့ဝတ်ရမယ့် အချိန်ပါ။ ဒီအဝတ်အစားတွေလှပေမယ့် ချိုင်း နဲ့ ခြေသလုံးရှိ အမွှေးတွေ ရှင်းနေမှ ကြည့်လို့လှပါတယ်။ အမွှေးရိတ်တယ်ဆိုတာ အသားအရေကို ကြမ်းတမ်းစေတယ်၊ ပြန်ပေါက်လာတဲ့အမွှေးတွေကကြမ်းလာတယ်၊ အချိန်ခဏလေးနဲ့ ပြန်ပေါက်လာတယ်။ ဒါကြောင့်မွှေးရိတ်တံနဲ့ရိတ်စရာမလိုဘဲ သဘာဝနည်းတွေကိုသုံးပြီး အမွှေးချွတ်ပေးနိုင်မယ့် နည်းလမ်း (၃)မျိုးကို မျှဝေပေးလိုက်ပါတယ်။
(၁) သကြားနဲ့ သံပရိုရည်

သကြား နဲ့သံပရိုရည်ရောထားတဲ့အနှစ်ကတော့ မလိုချင်တဲ့အမွှေးတွေကိုချွတ်ပေးနိုင်ပါတယ်။၎င်းအနှစ်ကအမွှေးတွေကိုလွယ်လွယ်ချွတ်ပေးနိုင်ပြီး တော်တော်ကြာတဲ့အထိ ပြန်မပေါက်ပါဘူး။
ပါဝင်ပစ္စည်းများ – သကြား (တစ်ခွက်) ၊ ပျားရည် (ခွက်ရဲ့ လေးပုံတစ်ပုံ) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၂ဇွန်း) ။ – ပါဝင်ပစ္စည်းများကို ဇလုံထဲ ထည့်ပေးပြီး ပျစ်လာအောင်မွေပေးပါ။ – ပြီးရင် (၂)မိနစ်လောက် အပူပေးပေးပါ။ – အအေးခံပြီးရင် သုံးနိုင်ပါတယ်။
(၂) ကြက်ဥ အကာ နဲ့ cornstarch

ချိုင်းကြားရှိအမွှေးတွေကိုချွတ်ဖို့အတွက်ဆားဝက်ခြံကိုပျောက်အောင်လုပ်ဖို့ထက်တောင်ပိုလွယ်ပါတယ်။
ပါဝင်ပစ္စည်းများ – ကြက်ဥ (၁လုံး) ၊ cornstarch (စားပွဲတင်ဇွန်းတစ်ဝက်)၊ သကြား (စားပွဲတင်ဇွန်း ၁ ဇွန်း)။ ကြက်ဥကိုအကာနဲ့အနှစ်ခွဲပေးပါ။ ကြက်ဥအကာကိုယူပြီး ပါဝင်ပစ္စည်းများအားလုံးကိုရောပေးပါ။ မလိုချင်တဲ့အမွှေးပေါ်လိမ်းပေးပြီး ခြောက်အောင်ထားပေးပါ။ခြောက်သွားမှဆွဲချွတ်ပေးပါ။
(၃) Baking soda နဲ့ နနွင်း

ပါဝင်ပစ္စည်းများ – နနွင်း(စားပွဲတင်ဇွန်း ၁ ဇွန်း ) ၊ baking soda (စားပွဲတင်ဇွန်း ၂ ဇွန်း)၊ ရေ၊ နနွင်း နဲ့ baking soda ကိုရောနေချိန်မှာ ရေထည့်ရောပြီး မွှေပေးပါ။ အနှစ်ပြစ်လာရင် ချိုင့်ပေါ်မှာ လိမ်းပေးပြီး အခြောက်ခံပေးပါ။ လက်နဲ့ ပွတ်သပ်ပေးပြီး ရေနဲ့ဆေးပေးပါ။
Hannwe Soe