ပိုက်ဆံပေးစရာ မလိုတဲ့အပြင် ပိုက်ဆံပါရနိုင်မယ့် နိစ္စဒူဝလုပ်ငန်းများ - Kharann Media

Breaking

ပိုက်ဆံပေးစရာ မလိုတဲ့အပြင် ပိုက်ဆံပါရနိုင်မယ့် နိစ္စဒူဝလုပ်ငန်းများ





ပိုက်ဆံပေးဝယ်ရတဲ့ရုပ်သံလိုင်တွေကိုကြည့်တာ၊ ချောကလတ်တို့ ပီကေတို့ဝယ်စားတာစတာတွေဟာ ကိုယ့်ဘက်ကငွေကြေးကုန်ကျခံရတဲ့အလုပ်တွေဖြစ်ပြီး မင်္ဂလာပွဲတက်တာ၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေလိုအပ်ချိန်တွေဆို တစ်ခါတစ်ရံအဖော်လုပ်ပေးတာတွေဟာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ လုပ်နေကျအလုပ်တွေပဲဖြစ်ပါတယ်။

ဒီလိုပိုက်ဆံစိုက်လုပ်ရမယ့်အလုပ်တွေအပြင် သာမန်လုပ်လေ့လုပ်ထရှိတဲ့ လုပ်ငန်းဆောင်တာတွေကို ပိုက်ဆံလည်းကိုယ့်ဘက်ကကုန်စရာမလိုအပ်တဲ့အပြင် လခအနေနဲ့အပိုငွေပါထပ်ရဦးမှာဆိုတော့ စိတ်ဝင်စားဖို့ မကောင်းပေဘူးလား။ ထူးထူးခြားခြားငွေရနိုင်မယ့်အလုပ်များကို ဖော်ပြပေးလိုက်ပါတယ်။
 
Netfilx ကလာတဲ့ အစီအစဉ်တွေကို ထိုင်ကြည့်ခြင်း



“Netflix tagger” လို့ခေါ်တဲ့ပုဂ္ဂိုလ်တွေဟာ Netflix မှပြသမယ့် အစီအစဉ်တွေအတွက် အသက်ကန့်သတ်ချက်၊ အဖော်အချွတ်နဲ့ ကြမ်းတမ်းမှုတို့ကို စင်ဆာဖြတ်သင့်၊ မဖြတ်သင့်နဲ့ ထုတ်လွှင့်ပြီးသား အစီအစဉ်တွေကိုကြည့်ပြီး ဒေတာထိုင်ကောက်ရတဲ့ အလုပ်မျိုးကို လုပ်ကြရပါတယ်။

ပီကေနဲ့ချောကလတ် အရသာအသစ်များကို မြည်းစမ်းရခြင်း



ဒီအလုပ်ကတော့ ပီကေနဲ့ချောကလတ်တင်မကဘဲ ဝိုင်၊ ဘီယာ၊ ပေါင်မုန့်၊ နာမည်ကြီးအစားအသောက်များမှ အစားအစာများကိုပါ မြည်းစမ်းရတဲ့လူတွေဖြစ်ပါတယ်။ အရသာ၊ အနေအထားစတဲ့အရာတွေအပေါ် မှတ်ချက်ချပေးရတာဖြစ်ပါတယ်။ ပြင်ပကိုမထုတ်သေးတဲ့အစားအစာတွေကို မြည်းစမ်ရတာဖြစ်ပမယ့် အဆိပ်အတောက်တို့မတည့်တာတို့အပြင် ဘေးအန္ဆရာယ် တစ်စုံတစ်ရာဖြစ်တာတို့ မဖြစ်စေရန် စီစစ်ပြီးသားဖြစ်တာကြောင့် စိတ်ချလက်ချ မြည်းစမ်းနိုင်ပါတယ်။


စိတ်ရှိတိုင်းဓာတ်ပုံရိုက်ပြီး stock image website များသို့ရောင်းချခြင်း

 

Stock image website ဆိုတာ ဓာတ်ပုံတွေ၊ ရုပ်ပုံတွေကို တစ်စုတစ်စည်းတည်း သိုလှောင်ထားတဲ့ website တွေပဲဖြစ်ပါတယ်။ လူများဟာ ထို website များပေါ်မှ ပုံများကို အခမဲ့သော်လည်းကောင်း၊ အခကြေးငွေပေးပြီးတော့သော်လည်းကောင်း download ပြုလုပ်ကာ သုံးချင်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အဲဒီဓာတ်ပုံတွေဟာ ဓာတ်ပုံဆရာအချို့မှရိုက်ကူးကာ လာရောက်ရောင်းချထားတဲ့ ပုံများပဲဖြစ်ပါတယ်။


မိတ်ဆွေသို့မဟုတ်မိသားစုဝင်အဖြစ် ခေတ္တအဖော်ပြုပေးခြင်း

 

ပိုက်ဆံပေါပြီး အထီးကျန်နေသူအများစု အလုပ်ခန့်လေ့ရှိတဲ့ နေရာမျိုးပါ။ တစ်နေ့တာပင်ပန်းလာသမျှအကြောင်းတွေ၊ အခက်အခဲတွေကို ရင်ဖွင့်ခြင်း၊ အပြင်လျှောက်လည်ပေးခြင်း၊ ထမင်းအတူတူစားပေးခြင်း၊ အရက်အတူတူ သောက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးဖို့ကို အချိန်ပိုင်းငှားရမ်းလေ့ရှိပါတယ်။


အခမ်းအနားပွဲတွေမှာ တက်ရောက်သူများအောင် ငှားရမ်းခြင်း

 

မင်္ဂလာပွဲတွေ၊ အသုဘတွေ၊ ပါတီတွေမှာ ကျို့တို့ကျဲတဲနဲ့အမြင်မသင့်မဖြစ်ရလေအောင် ပွဲတစ်ပွဲတက်ဖို့ လူတွေကိုငှားရမ်းလေ့ရှိပါတယ်။ အချို့နိုင်ငံတွေမှာတော့ ဒီအလုပ်ကို အချိန်ပြည့်အဖြစ်လုပ်ကိုင်တဲ့ လူတွေတောင်ရှိပါတယ်။ အနောက်တိုင်းဝတ်စုံ သို့မဟုတ် သင့်တင့်တဲ့ ဂါဝန်တစ်ထည်ရှိရုံနဲ့ ပါတီမှအစားအသောက်တွေလိုက်စားကာ ဝင်ငွေအသတင်ရရှိတဲ့အလုပ်ပါ။ အချို့ကတော့ အသုဘမှာ ငိုပေးဖို့လူတွေကို ငှားလေ့ရှိပါတယ်။


ကိုယ်စားဈေးဝယ်ပေးသူ

 

နေ့တိုင်းဟင်းချက်ဖို့အဈေးဝယ်ဖို့လိုအပ်ပါတယ်။ ကိုယ့်အိမ်အတွက်ပါဈေးဝယ်ရင် သူများတွေမှာတဲ့ ကုန်ခြောက်၊ အသားငါးနဲ့၊ ဟင်းသီးစင်းရွက်တွေကိုပါ တစ်ခါတည်းဝယ်ပေးရတဲ့အတွက် ငွေရတယ်ဆိုတော့ ဘယ်လောက်များဟန်ကျလိုက်သလဲ။


အိပ်စက်ခြင်းမှရရှိလာသော အသပြာများ

 

နေ့တိုင်းလည်း အလကားအိပ်နေရတာထက်စာရင်တော့ အိပ်ရတာနဲ့တန်အောင်ပိုက်ဆံရမယ်ဆိုရင်ရော မလုပ်ချင်ကြဘူးလား။ မွေ့ယာထုတ်လုပ်ငန်းတွေ၊ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့အရာတွေကို လေ့လာနေတဲ့ သူသေသနအဖွဲ့တွေနဲ့ အနုပညာပွဲတွေမှာပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့လူတွေကို ခေါ်ဆောင်လျက်ရှိပါတယ်။


Source: Bright Side
Credit: ShweMon