ဂစ္တာတီး စသင္ေနတဲ့ သူေတြအတြက္ အႀကံျပဳခ်က္ ၇ခ်က္ - Kharann Media

Breaking

ဂစ္တာတီး စသင္ေနတဲ့ သူေတြအတြက္ အႀကံျပဳခ်က္ ၇ခ်က္



ဂစ္တာကို အခုမွ စၿပီး အတီးသင္ေနတဲ့ သူေတြအတြက္ အေထာက္အကူျဖစ္ဖို႔၊ အခ်ိန္ျမန္ျမန္နဲ႔ တီးတတ္ႏိုင္ဖို႔ အႀကံ ျပဳခ်က္ ၇ခ်က္ ေဖာ္ျပလိုက္ပါတယ္။ ဆုံးျဖတ္ပါ ပထမဆုံးအေနနဲ႔ ဂစ္တာ ကို တကယ္ပဲ တီးတတ္ေအာင္သင္မွာလား ဆိုတာ ဆုံးျဖတ္ခ်က္ခ်ပါ။ ဇြဲလုံ႔လ ရွိမႈ ၊ စိတ္ရွည္ သည္းခံႏိုင္မႈ အမ်ားႀကီးရွိဖို႔လိုအပ္ပါတယ္။ ဒီေတာ့ ကိုယ္တကယ္ပဲ အတီးသင္မွာလား ဆိုတာ ကို ကိုယ့္ကိုကိုယ္ အႀကိမ္ႀကိမ္ ျပန္ေမးဖို႔လိုပါတယ္။

ကိုယ္ပိုင္ဂီတာ ရွိေအာင္လုပ္ပါ
ဒီလိုေမးၿပီး ဂစ္တာတီးသင္ဖို႔ ေသခ်ာဆုံးျဖတ္လိုက္ ၿပီဆိုရင္ ဂစ္တာတလုံး ကို ကိုယ္နဲ႔မကြာ အၿမဲတမ္း ရွိေနေအာင္ ထားပါ။ ကိုယ္နဲ႔ မကြာထားပါ ဆိုတာ ကိုယ္ပိုင္ဂစ္တာ တလုံးရွိ ေအာင္ထားခိုင္းတာပါ။ သင္တန္း မွာ သင္တာပဲ ျဖစ္ျဖစ္၊ ခင္မင္ရင္းႏွီးတဲ့သူဆီသင္တာပဲျဖစ္ျဖစ္ ကိုယ္နဲ႔ မကြာ ဂစ္တာတလုံးရွိေန မွ အခ်ိန္ျပည့္ ေလ့က်င့္ ေနလို႔ ရမွာပါ။ ဂီတကို ဝါသနာပါျမတ္ႏိုးသူေတြအေနနဲ႔ ဂစ္တာတီးခ်င္စိတ္ဆိုတာ ျဖစ္လာတတ္ပါတယ္။ အဲ့လိုအခ်ိန္မ်ိဳး ေလ့က်င့္ရင္ ပိုၿပီးေတာ့ အတတ္ ျမန္ေစပါတယ္။

ဂစ္တာအေဟာင္းရွာပါ
အဲ့လို ဂစ္တာတလုံးဝယ္တဲ့အခါ၊ ငွားတဲ့အခါ ျဖစ္ႏိုင္ရင္ ဂစ္တာအေဟာင္းပဲ ရွာပါ။ ကိုယ္က အတီးသင္ကာစ မို႔လို႔ တီးခ်င္တိုင္းတီးတဲ့အခါ ဂစ္တာ အသံက ေၾကာင္သြားတတ္ပါတယ္။ ေဈးႀကီးတဲ့ ဂစ္တာ အေကာင္း၊ ဂစ္တာ အသစ္ေတြဆိုရင္ ႏွေျမာ စရာေကာင္းပါတယ္။ ဒါေၾကာင့္ တျခားလူဆီက ငွားတီးတာမ်ိဳး ဆိုရင္လည္း ဒီအခ်က္ကို သတိျပဳ ဖို႔သင့္ပါတယ္။

အသားနာေအာင္လုပ္ပါ
ဂစ္တာအတီးသင္တဲ့ သူအမ်ားစုက လက္မွာ အရည္ၾကည္ဖု ထလာတဲ့ အဆင့္မွာရပ္သြားၾကတာမ်ားပါတယ္။ ဒီအဆင့္ ကို ေက်ာ္လြန္ႏိုုင္မွ ဂစ္တာတီးတတ္ဖို႔ နီးစပ္မွာပါ။ အခုေနာက္ပိုင္း လက္မနာေအာင္ စြပ္တဲ့ သားေရ အစြပ္ေတြ လာပါ တယ္။ ကိုယ္က သူမ်ားေလးစားအားက်ေလာက္တဲ့အထိ ဂစ္တာတီးတတ္ေအာင္သင္မယ္ဆိုရင္ အဲ့လို အေထာက္အကူ ျပဳ ပစၥည္းေတြကို လုံးဝမသုံးပါနဲ႔လို႔ အႀကံျပဳပါရေစ။

လက္ကိုပဲ အနာခံပါ
လက္ႀကီး ျပတ္မက်သြားပါဘူးဆိုတဲ့ စိတ္ေမြးပါ။ ပိုခက္တာကိုသင္ပါ ကိုယ္က ဂစ္တာလက္ကြက္ C ကို တဝက္တပ်က္ ေလာက္ကိုင္ႏိုင္ေနၿပီ။ တဝက္တပ်က္ေလာက္ တီးတတ္ေနၿပီဆိုရင္ သူ႔ထက္ ခက္တဲ့ F လက္ကြက္ကို ကိုင္ပါ။ အား ထည့္ၿပီး သုံးေလးရက္ ေလ့က်င့္ပါ။ ၿပီးရင္ C ကိုျပန္ကိုင္ၾကည့္ပါ၊ လြယ္လြယ္ကူကူ ကိုင္ႏိုင္ပါလိ္မ့္မယ္။ ဒီလိုေျပာတာက ရစ္သမ္မတီးတတ္ေသးခင္၊ Lead အတီးသင္ဖို႔ ေျပာတာမ်ိဳး မဟုတ္ပါဘူး။

ပိုခက္တာကိုေလ့က်င့္ပါ
အဆင့္ေတာ့မေက်ာ္ပါနဲ႔။ အဆင့္မေက်ာ္ပါနဲ႔ ဂစ္တာတီး သင္ကာစ မွာ သီခ်င္တပုဒ္ရဲ႕ Intro တီးလုံး၊ lead တီးလုံး ေတြကို လိုက္တီးခ်င္စိတ္ ျဖစ္တတ္ၾကပါတယ္။ အဲ့ဒီအခါ တီးလုံးတီးတဲ့ဘက္ကို အသားေပး ေလ့က်င့္လာၾကၿပီး တတ္ ေျမာက္မႈကို ေႏွာင့္ေႏွးေစပါတယ္။ ဒါေၾကာင့္ ဂစ္တာ အေျခခံေတြျဖစ္တဲ့ C D E F G A B ကို အရင္ဆုံး ပိုင္ႏိုင္ကြၽမ္းက်င္ ေအာင္ ေလ့က်င့္သင့္ပါတယ္။ ဒီလို Lead ေတြ၊ တီးလုံးေတြက ေနာက္ပိုင္းတီးတတ္လာမွပါ။ ဒါေၾကာင့္ အဆင့္မေက်ာ္ ၾကပါနဲ႔။

ေလ့လာပါ
ဂီတပညာရွင္ ဆရာႀကီးေစာဘြဲ႕မႉး၊ ဆရာႀကီးခ်စ္စမ္းေမာင္ တို႔ေခတ္က ဒီဘက္ေခတ္ေလာက္ ေလ့လာစရာ မေပါမ်ားေသးပါဘူး။ သူတို႔ဟာအဘက္ဘက္က မျပည့္စုံမႈေတြၾကားကေန အမ်ားက ေလးစားအားက်ရတဲ့ ဂီတပညာရွင္ႀကီးေတြအျဖစ္ ရပ္တည္လာၾကတာပါ။ ဒီဘတ္ေခတ္မွာေတာ့ ဂစ္တာ အေျခခံတီးနည္းေတြက စၿပီး ကိုယ္တီးတတ္ခ်င္တဲ့ သီခ်င္းေတြအထိ သင္ခန္းစာ ကို Youtube အစရွိတဲ့ အင္တာနက္ စာမ်က္ႏွာေတြ မွာအလြယ္တကူ ရွာလို႔ရေနပါၿပီ။ ဒီေတာ့ အၿမဲမျပတ္ ေလ့လာၾကပါ။ ကိုယ္က အခုမွစ အတီးသင္တယ္ဆိုၿပီး အားငယ္ဖို႔ မလိုပါဘူး။ ဂစ္တာတီးေနတဲ့ သူအားလုံးက သင္ယူဆဲ၊ ေလ့လာဆဲပါ၊ ဒီေတာ့ ကိုယ္လည္း သူတို႔နဲ အတူ သင္ယူပါ၊ ေလ့လာပါလို႔ အႀကံျပဳလိုက္ပါ တယ္။
____________________________________
credit : ေဖသက္ထက္ခင္၊ ဧရာ၀တီ



[Unicode]

ဂစ်တာတီး စသင်နေတဲ့ သူတွေအတွက် အကြံပြုချက် ၇ချက်



ဂစ်တာကို အခုမှ စပြီး အတီးသင်နေတဲ့ သူတွေအတွက် အထောက်အကူဖြစ်ဖို့၊ အချိန်မြန်မြန်နဲ့ တီးတတ်နိုင်ဖို့ အကြံ ပြုချက် ၇ချက် ဖော်ပြလိုက်ပါတယ်။ ဆုံးဖြတ်ပါ ပထမဆုံးအနေနဲ့ ဂစ်တာ ကို တကယ်ပဲ တီးတတ်အောင်သင်မှာလား ဆိုတာ ဆုံးဖြတ်ချက်ချပါ။ ဇွဲလုံ့လ ရှိမှု ၊ စိတ်ရှည် သည်းခံနိုင်မှု အများကြီးရှိဖို့လိုအပ်ပါတယ်။ ဒီတော့ ကိုယ်တကယ်ပဲ အတီးသင်မှာလား ဆိုတာ ကို ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် ပြန်မေးဖို့လိုပါတယ်။

ကိုယ်ပိုင်ဂီတာ ရှိအောင်လုပ်ပါ
ဒီလိုမေးပြီး ဂစ်တာတီးသင်ဖို့ သေချာဆုံးဖြတ်လိုက် ပြီဆိုရင် ဂစ်တာတလုံး ကို ကိုယ်နဲ့မကွာ အမြဲတမ်း ရှိနေအောင် ထားပါ။ ကိုယ်နဲ့ မကွာထားပါ ဆိုတာ ကိုယ်ပိုင်ဂစ်တာ တလုံးရှိ အောင်ထားခိုင်းတာပါ။ သင်တန်း မှာ သင်တာပဲ ဖြစ်ဖြစ်၊ ခင်မင်ရင်းနှီးတဲ့သူဆီသင်တာပဲဖြစ်ဖြစ် ကိုယ်နဲ့ မကွာ ဂစ်တာတလုံးရှိနေ မှ အချိန်ပြည့် လေ့ကျင့် နေလို့ ရမှာပါ။ ဂီတကို ဝါသနာပါမြတ်နိုးသူတွေအနေနဲ့ ဂစ်တာတီးချင်စိတ်ဆိုတာ ဖြစ်လာတတ်ပါတယ်။ အဲ့လိုအချိန်မျိုး လေ့ကျင့်ရင် ပိုပြီးတော့ အတတ် မြန်စေပါတယ်။

ဂစ်တာအဟောင်းရှာပါ
အဲ့လို ဂစ်တာတလုံးဝယ်တဲ့အခါ၊ ငှားတဲ့အခါ ဖြစ်နိုင်ရင် ဂစ်တာအဟောင်းပဲ ရှာပါ။ ကိုယ်က အတီးသင်ကာစ မို့လို့ တီးချင်တိုင်းတီးတဲ့အခါ ဂစ်တာ အသံက ကြောင်သွားတတ်ပါတယ်။ ဈေးကြီးတဲ့ ဂစ်တာ အကောင်း၊ ဂစ်တာ အသစ်တွေဆိုရင် နှမြော စရာကောင်းပါတယ်။ ဒါကြောင့် တခြားလူဆီက ငှားတီးတာမျိုး ဆိုရင်လည်း ဒီအချက်ကို သတိပြု ဖို့သင့်ပါတယ်။

အသားနာအောင်လုပ်ပါ
ဂစ်တာအတီးသင်တဲ့ သူအများစုက လက်မှာ အရည်ကြည်ဖု ထလာတဲ့ အဆင့်မှာရပ်သွားကြတာများပါတယ်။ ဒီအဆင့် ကို ကျော်လွန်နိုုင်မှ ဂစ်တာတီးတတ်ဖို့ နီးစပ်မှာပါ။ အခုနောက်ပိုင်း လက်မနာအောင် စွပ်တဲ့ သားရေ အစွပ်တွေ လာပါ တယ်။ ကိုယ်က သူများလေးစားအားကျလောက်တဲ့အထိ ဂစ်တာတီးတတ်အောင်သင်မယ်ဆိုရင် အဲ့လို အထောက်အကူ ပြု ပစ္စည်းတွေကို လုံးဝမသုံးပါနဲ့လို့ အကြံပြုပါရစေ။

လက်ကိုပဲ အနာခံပါ
လက်ကြီး ပြတ်မကျသွားပါဘူးဆိုတဲ့ စိတ်မွေးပါ။ ပိုခက်တာကိုသင်ပါ ကိုယ်က ဂစ်တာလက်ကွက် C ကို တဝက်တပျက် လောက်ကိုင်နိုင်နေပြီ။ တဝက်တပျက်လောက် တီးတတ်နေပြီဆိုရင် သူ့ထက် ခက်တဲ့ F လက်ကွက်ကို ကိုင်ပါ။ အား ထည့်ပြီး သုံးလေးရက် လေ့ကျင့်ပါ။ ပြီးရင် C ကိုပြန်ကိုင်ကြည့်ပါ၊ လွယ်လွယ်ကူကူ ကိုင်နိုင်ပါလိမ့်မယ်။ ဒီလိုပြောတာက ရစ်သမ်မတီးတတ်သေးခင်၊ Lead အတီးသင်ဖို့ ပြောတာမျိုး မဟုတ်ပါဘူး။

ပိုခက်တာကိုလေ့ကျင့်ပါ
အဆင့်တော့မကျော်ပါနဲ့။ အဆင့်မကျော်ပါနဲ့ ဂစ်တာတီး သင်ကာစ မှာ သီချင်တပုဒ်ရဲ့ Intro တီးလုံး၊ lead တီးလုံး တွေကို လိုက်တီးချင်စိတ် ဖြစ်တတ်ကြပါတယ်။ အဲ့ဒီအခါ တီးလုံးတီးတဲ့ဘက်ကို အသားပေး လေ့ကျင့်လာကြပြီး တတ် မြောက်မှုကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် ဂစ်တာ အခြေခံတွေဖြစ်တဲ့ C D E F G A B ကို အရင်ဆုံး ပိုင်နိုင်ကျွမ်းကျင် အောင် လေ့ကျင့်သင့်ပါတယ်။ ဒီလို Lead တွေ၊ တီးလုံးတွေက နောက်ပိုင်းတီးတတ်လာမှပါ။ ဒါကြောင့် အဆင့်မကျော် ကြပါနဲ့။

လေ့လာပါ
ဂီတပညာရှင် ဆရာကြီးစောဘွဲ့မှူး၊ ဆရာကြီးချစ်စမ်းမောင် တို့ခေတ်က ဒီဘက်ခေတ်လောက် လေ့လာစရာ မပေါများသေးပါဘူး။ သူတို့ဟာအဘက်ဘက်က မပြည့်စုံမှုတွေကြားကနေ အများက လေးစားအားကျရတဲ့ ဂီတပညာရှင်ကြီးတွေအဖြစ် ရပ်တည်လာကြတာပါ။ ဒီဘတ်ခေတ်မှာတော့ ဂစ်တာ အခြေခံတီးနည်းတွေက စပြီး ကိုယ်တီးတတ်ချင်တဲ့ သီချင်းတွေအထိ သင်ခန်းစာ ကို Youtube အစရှိတဲ့ အင်တာနက် စာမျက်နှာတွေ မှာအလွယ်တကူ ရှာလို့ရနေပါပြီ။ ဒီတော့ အမြဲမပြတ် လေ့လာကြပါ။ ကိုယ်က အခုမှစ အတီးသင်တယ်ဆိုပြီး အားငယ်ဖို့ မလိုပါဘူး။ ဂစ်တာတီးနေတဲ့ သူအားလုံးက သင်ယူဆဲ၊ လေ့လာဆဲပါ၊ ဒီတော့ ကိုယ်လည်း သူတို့နဲ အတူ သင်ယူပါ၊ လေ့လာပါလို့ အကြံပြုလိုက်ပါ တယ်။
____________________________________
credit : ဖေသက်ထက်ခင်၊ ဧရာဝတီ