ဘာေၾကာင့္ ရာသီေသြး ထိမ္ရသလဲ - Kharann Media

Breaking

ဘာေၾကာင့္ ရာသီေသြး ထိမ္ရသလဲ




ရာသီမလာဘဲ ရာသီေသြး ထိမ္ေနတာကို ေဆးပညာအရ Amenorrhea လုိ႔ ေခၚပါတယ္။ ဒီအေျခအေနက ႏွစ္မ်ဳိးရွိပါတယ္။ ပထမ အေၾကာင္းရင္းက အပ်ဳိေဖာ္ဝင္တဲ့တိုင္ေအာင္ ရာသီေသြး မလာေသးတဲ့ အေျခအေနျဖစ္ၿပီး အဲဒါက Primary Amenorrhoea လို႔ ေခၚပါတယ္။ ဒုတိယ အေၾကာင္းရင္းကေတာ့ အစပိုင္းမွာ ရာသီေသြးမွန္မွန္ လာေနၿပီးမွ ထိမ္သြားတဲ့ အေျခအေနျဖစ္ၿပီး ဒါကို Secondary Amenorrhoea လို႔ ေခၚပါတယ္။

အပ်ဳိေဖာ္ဝင္သည့္တိုင္ေအာင္ ရာသီေသြးမလာေသာ Primary Amenorrhoea

ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလးေတြအေနနဲ႔ ရာသီေသြး စတင္မေပၚတဲ့အေျခအေနကို ဆိုလိုပါတယ္။ ပံုမွန္အားျဖင့္ အသက္ ၈-၁၆ ႏွစ္အရြယ္ၾကားမွာ ရာသီစလာရမွာ ျဖစ္ပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ကို ေရာက္တဲ့အထိ ရာသီစတင္ မလာေသးဘူးဆိုရင္ တျခားစမ္းသပ္မႈေတြ လုပ္ဖို႔ရာအတြက္ ဆရာဝန္နဲ႔ သြားျပသင့္ေနပါၿပီ။ ဒါ့အျပင္ အသက္ ၁၄ ႏွစ္အရြယ္ ေရာက္တဲ့အထိ မိန္းကေလးေတြက ရင္သားႀကီးထြားမႈ၊ လိင္အဂၤါ အေမြးေပါက္မႈ စတာေတြ မဖြံ႕ၿဖိဳးေသးရင္ ဆရာဝန္နဲ႔ ေဆြးေႏြးသင့္ပါတယ္။

ကိုယ္ဝန္ေဆာင္ျခင္း

ရာသီေသြး စတင္မလာေသးရင္ ကိုယ္ဝန္မရႏိုင္ဘူးလို႔ မိန္းကေလး အမ်ားစုက ယံုၾကည္ၾကပါတယ္။ ဒါက မမွန္ပါဘူး။ တကယ္လို႔ ပထမဆံုး သားဥေႂကြေနခ်ိန္မွာ (ရာသီမလာေသးေပမယ့္) အမ်ဳိးသားတစ္ဦးနဲ႔ လိင္ဆက္ဆံမႈရွိရင္ ပထမဆံုး ရာသီမလာခင္မွာ ကိုယ္ဝန္ ရႏိုင္ပါတယ္။

ပီက်ဴထရီဂလင္းေရာဂါမ်ား

ပီက်ဴထရီဂလင္းဟာ ေဟာ္မုန္းထုတ္လုပ္မႈကို ထိန္းခ်ဳပ္ေပးၿပီး ဒီေဟာ္မုန္းေတြက ခႏၶာကိုယ္အတြက္ ဘာလုပ္ရမယ္ဆိုတဲ့ ၫႊန္ၾကားခ်က္ေတြကို ေပးပါတယ္။ ဒီဂလင္းရဲ႕ လုပ္ေဆာင္မႈ တစ္ခုခုနဲ႔ ေဟာ္မုန္းထုတ္လုပ္မႈ မွားရင္ ခႏၶာကိုယ္က ရာသီေသြး စတင္ဆင္းဖို႔အတြက္ မွန္ကန္တဲ့ ၫႊန္ၾကားခ်က္ကို လက္ခံမရရွိတတ္ပါဘူး။

မ်ဳိးဗီဇဆိုင္ရာ အေျခအေနမ်ား

တားနားေရာဂါစုျဖစ္ရင္ မိန္းကေလးဟာ X ခ႐ိုမိုဆုမ္းတစ္ခု ခ်ဳိ႕တဲ့ေနႏိုင္ပါတယ္။ ဒါေၾကာင့္ သားဥအိမ္မွာ အမာရြတ္တစ္သွ်ဴး ျဖစ္ေပၚေနႏိုင္ပါတယ္။ အဲဒီအခါ အီစထ႐ိုဂ်င္ ေဟာ္မုန္းထြက္ရွိမႈ မလံုေလာက္ေတာ့ဘဲ ရာသီေသြးဆင္းမႈ အဟန္႔အတား ျဖစ္ႏိုင္ပါတယ္။ တားနားေရာဂါစုရွိတဲ့ မိန္းကေလးေတြက လိင္အဂၤါနဲ႔ ရင္သားေတြ အျပည့္အဝ ဖြံ႕ၿဖိဳးမႈ မရွိတတ္ပါဘူး။

Gonadal Dysgenesis

မိန္းကေလးတစ္ဦး ရာသီစတင္မလာတဲ့ အျဖစ္မ်ားဆံုး အေၾကာင္းရင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ရာသီစတင္မလာခင္မွာ အခ်ိန္မတိုင္ခင္ သားဥဆံုး႐ႈံးမႈ ျဖစ္ေစႏိုင္ပါတယ္။

သားဥအိမ္တြင္ သားဥမေႂကြႏိုင္ဘဲ ေရအိတ္ငယ္မ်ား ျဖစ္တည္လာေသာ ေဟာ္မုန္းဆိုင္ရာ ေရာဂါစု (Polycystic Ovarian Syndrome)

သားဥအိမ္ေတြထဲမွာ ေရအိတ္ငယ္ေတြ ျဖစ္လာတဲ့ အေျခအေနပါ။ ဒီအေျခအေနမွာ သားဥေႂကြတာကို ဟန္႔တားႏိုင္သလို ပံုမမွန္တဲ့ သားဥေႂကြတာမ်ဳိးကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

အစားအေသာက္ပ်က္ျခင္းႏွင့္ အစားေလွ်ာ့လြန္ျခင္း

အစားအေသာက္ အေလွ်ာ့လြန္သူ ဒါမွမဟုတ္ အစားအေသာက္ပ်က္တဲ့ မိန္းကေလးေတြဟာ ရာသီေသြး စတင္မလာတတ္ပါဘူး။ အေၾကာင္းကေတာ့ ခႏၶာကိုယ္အတြက္ အာဟာရ အလံုအေလာက္ မရရွိလို႔ပါ။ ကိုယ္အေလးခ်ိန္ အလြန္အမင္း က်ဆင္းတာနဲ႔ အာဟာရဓာတ္ ခ်ဳိ႕တဲ့တာေၾကာင့္ ေဟာ္မုန္းေတြကို ထိခိုက္ေစႏိုင္ကာ ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ အလြန္ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြ လုပ္တာေၾကာင့္ ရာသီလာခ်ိန္ကို ဟန္႔တားေစႏိုင္ပါတယ္။

အစပထမ ရာသီေသြးလာၿပီးမွ ရာသီေသြးထိမ္ျခင္း (Secondary Amenorrhea)

မိန္းကေလးတစ္ဦးက ပံုမွန္အတိုင္း အပ်ဳိေဖာ္ဝင္ၿပီး ရာသီေသြးလာေနရင္းကေန ရာသီေသြး ထိမ္သြားတဲ့ အေျခအေနကို Secondary Amenorrhea လို႔ေခၚပါတယ္။ ဒီအေျခအေန ျဖစ္ရတဲ့ အေၾကာင္းရင္းေတြက အမ်ဳိးမ်ဳိးပါပဲ။ ဥပမာေတြကေတာ့-

အျပင္းအထန္ နာမက်န္းမႈျဖစ္ျခင္း သို႔မဟုတ္ ေဆးဝါး ေသာက္သံုးရျခင္း

အျပင္းအထန္ နာမက်န္းမႈ ျဖစ္တာေၾကာင့္ ရာသီေသြးဆင္းမႈ ရပ္တန္႔ႏိုင္သလို ေဆးဝါးတခ်ဳိ႕ေၾကာင့္လည္း ရာသီေသြး ထိမ္တတ္ပါတယ္။

ေလ့က်င့္ခန္း အလြန္အၾကဴးလုပ္ျခင္း

ေလ့က်င့္ခန္းက က်န္းမာေရးအတြက္ ေကာင္းေပမယ့္ ေလ့က်င့္ခန္းကို အလြန္အကၽြံ လုပ္တာေၾကာင့္ ေဟာ္မုန္းအဆင့္ကို ႐ုတ္တရက္ အေျပာင္းအလဲ ျဖစ္ေစႏိုင္ကာ ရာသီစက္ဝန္းကို ရပ္တန္႔ေစႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္က ႐ုတ္တရက္ က်သြားရင္ ဒါမွမဟုတ္ ႐ုတ္တရက္ ျမင့္တက္လာရင္ ရာသီေသြး ထိမ္တတ္ပါတယ္။

စိတ္ဖိစီးမႈမ်ားျခင္း

မိသားစုဝင္တစ္ဦးဦး ေသဆံုးတာ၊ ထိခိုက္ဒဏ္ရာ အႀကီးအက်ယ္ရတာနဲ႔ လင္မယားကြဲကြာတာတို႔လို အေၾကာင္းရင္းေတြေၾကာင့္ ရာသီစက္ဝန္း ရပ္တန္႔ေစႏိုင္ပါတယ္။ အိမ္ေျပာင္းရတာနဲ႔ မဂၤလာေဆာင္တာတို႔လို အေသးအမႊား အျဖစ္အပ်က္ေတြ ႀကံဳရရင္ေတာင္ ရာသီစက္ဝန္းကို အဟန္႔အတား ျဖစ္ေစႏိုင္ပါတယ္။

အက်ိတ္မ်ား

အက်ိတ္ေတြေၾကာင့္ ပ႐ိုလက္တင္ေခၚတဲ့ မိခင္ႏို႔ခ်ဳိ အထြက္မ်ားေစတဲ့ ေဟာ္မုန္းအထြက္မ်ားေစၿပီး ရာသီေသြး ထိမ္တတ္ပါတယ္။

သိုင္းရြိဳက္ေရာဂါေဝဒနာမ်ား

သိုင္းရြိဳက္ေရာဂါ ေဝဒနာေတြေၾကာင့္ ေဟာ္မုန္းျပႆနာ ျဖစ္ေစကာ ရာသီေသြး ထိမ္တတ္ပါတယ္။

သေႏၶတားေဆးမ်ား

႐ုတ္တရက္ သေႏၶတားေဆး မွီဝဲမႈကို ရပ္တန္႔လိုက္တာေၾကာင့္ သံုးလနဲ႔ အထက္ၾကာတဲ့အထိ ရာသီမလာတာမ်ဳိး ျဖစ္တတ္ပါတယ္။ သံုးလေက်ာ္လို႔မွ ရာသီမလာရင္ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။

အခ်ိန္မတိုင္ခင္ သားဥဆံုး႐ႈံးျခင္း

အသက္ ၄၀ မတိုင္ခင္ အေစာပိုင္းအခ်ိန္မွာ ေသြးဆံုးတာ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ အရြယ္ေတြမွာေတာင္ တစ္ခါတစ္ရံ ျဖစ္တတ္ပါတယ္။ သားဥဟာ လုပ္ငန္းေဆာင္တာေတြ ရပ္တန္႔လိုက္တာေၾကာင့္ သားဥမေႂကြေတာ့ဘဲ ရာသီေသြး ထိမ္သြားပါေတာ့တယ္။

မိခင္ႏို႔ခ်ဳိ တိုက္ေကၽြးျခင္း

မိခင္ႏို႔ခ်ဳိ တိုက္ေကၽြးတာေၾကာင့္ ရာသီေသြးမလာေအာင္ ဟန္႔တားတတ္ပါတယ္။ မိခင္ႏို႔ခ်ဳိ တိုက္ေကၽြးမႈကို ရပ္လိုက္ၿပီဆိုတာနဲ႔ ရာသီျပန္လာႏိုင္ပါတယ္။ ဒါက ပံုမွန္ပဲ ျဖစ္ပါတယ္။

ဇြန္ခိုင္ဦး (ေဆးဝါးတကၠသိုလ္)
Ref: By Good Health

[Unicode]

ဘာကြောင့် ရာသီသွေး ထိမ်ရသလဲ

ရာသီမလာဘဲ ရာသီသွေး ထိမ်နေတာကို ဆေးပညာအရ Amenorrhea လို့ ခေါ်ပါတယ်။ ဒီအခြေအနေက နှစ်မျိုးရှိပါတယ်။ ပထမ အကြောင်းရင်းက အပျိုဖော်ဝင်တဲ့တိုင်အောင် ရာသီသွေး မလာသေးတဲ့ အခြေအနေဖြစ်ပြီး အဲဒါက Primary Amenorrhoea လို့ ခေါ်ပါတယ်။ ဒုတိယ အကြောင်းရင်းကတော့ အစပိုင်းမှာ ရာသီသွေးမှန်မှန် လာနေပြီးမှ ထိမ်သွားတဲ့ အခြေအနေဖြစ်ပြီး ဒါကို Secondary Amenorrhoea လို့ ခေါ်ပါတယ်။

အပျိုဖော်ဝင်သည့်တိုင်အောင် ရာသီသွေးမလာသော Primary Amenorrhoea

ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေအနေနဲ့ ရာသီသွေး စတင်မပေါ်တဲ့အခြေအနေကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် အသက် ၈-၁၆ နှစ်အရွယ်ကြားမှာ ရာသီစလာရမှာ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကို ရောက်တဲ့အထိ ရာသီစတင် မလာသေးဘူးဆိုရင် တခြားစမ်းသပ်မှုတွေ လုပ်ဖို့ရာအတွက် ဆရာဝန်နဲ့ သွားပြသင့်နေပါပြီ။ ဒါ့အပြင် အသက် ၁၄ နှစ်အရွယ် ရောက်တဲ့အထိ မိန်းကလေးတွေက ရင်သားကြီးထွားမှု၊ လိင်အင်္ဂါ အမွေးပေါက်မှု စတာတွေ မဖွံ့ဖြိုးသေးရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

ရာသီသွေး စတင်မလာသေးရင် ကိုယ်ဝန်မရနိုင်ဘူးလို့ မိန်းကလေး အများစုက ယုံကြည်ကြပါတယ်။ ဒါက မမှန်ပါဘူး။ တကယ်လို့ ပထမဆုံး သားဥကြွေနေချိန်မှာ (ရာသီမလာသေးပေမယ့်) အမျိုးသားတစ်ဦးနဲ့ လိင်ဆက်ဆံမှုရှိရင် ပထမဆုံး ရာသီမလာခင်မှာ ကိုယ်ဝန် ရနိုင်ပါတယ်။

ပီကျူထရီဂလင်းရောဂါများ

ပီကျူထရီဂလင်းဟာ ဟော်မုန်းထုတ်လုပ်မှုကို ထိန်းချုပ်ပေးပြီး ဒီဟော်မုန်းတွေက ခန္ဓာကိုယ်အတွက် ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို ပေးပါတယ်။ ဒီဂလင်းရဲ့ လုပ်ဆောင်မှု တစ်ခုခုနဲ့ ဟော်မုန်းထုတ်လုပ်မှု မှားရင် ခန္ဓာကိုယ်က ရာသီသွေး စတင်ဆင်းဖို့အတွက် မှန်ကန်တဲ့ ညွှန်ကြားချက်ကို လက်ခံမရရှိတတ်ပါဘူး။

မျိုးဗီဇဆိုင်ရာ အခြေအနေများ

တားနားရောဂါစုဖြစ်ရင် မိန်းကလေးဟာ X ခရိုမိုဆုမ်းတစ်ခု ချို့တဲ့နေနိုင်ပါတယ်။ ဒါကြောင့် သားဥအိမ်မှာ အမာရွတ်တစ်သျှူး ဖြစ်ပေါ်နေနိုင်ပါတယ်။ အဲဒီအခါ အီစထရိုဂျင် ဟော်မုန်းထွက်ရှိမှု မလုံလောက်တော့ဘဲ ရာသီသွေးဆင်းမှု အဟန့်အတား ဖြစ်နိုင်ပါတယ်။ တားနားရောဂါစုရှိတဲ့ မိန်းကလေးတွေက လိင်အင်္ဂါနဲ့ ရင်သားတွေ အပြည့်အဝ ဖွံ့ဖြိုးမှု မရှိတတ်ပါဘူး။

Gonadal Dysgenesis

မိန်းကလေးတစ်ဦး ရာသီစတင်မလာတဲ့ အဖြစ်များဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် ရာသီစတင်မလာခင်မှာ အချိန်မတိုင်ခင် သားဥဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။

သားဥအိမ်တွင် သားဥမကြွေနိုင်ဘဲ ရေအိတ်ငယ်များ ဖြစ်တည်လာသော ဟော်မုန်းဆိုင်ရာ ရောဂါစု (Polycystic Ovarian Syndrome)

သားဥအိမ်တွေထဲမှာ ရေအိတ်ငယ်တွေ ဖြစ်လာတဲ့ အခြေအနေပါ။ ဒီအခြေအနေမှာ သားဥကြွေတာကို ဟန့်တားနိုင်သလို ပုံမမှန်တဲ့ သားဥကြွေတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

အစားအသောက်ပျက်ခြင်းနှင့် အစားလျှော့လွန်ခြင်း

အစားအသောက် အလျှော့လွန်သူ ဒါမှမဟုတ် အစားအသောက်ပျက်တဲ့ မိန်းကလေးတွေဟာ ရာသီသွေး စတင်မလာတတ်ပါဘူး။ အကြောင်းကတော့ ခန္ဓာကိုယ်အတွက် အာဟာရ အလုံအလောက် မရရှိလို့ပါ။ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းတာနဲ့ အာဟာရဓာတ် ချို့တဲ့တာကြောင့် ဟော်မုန်းတွေကို ထိခိုက်စေနိုင်ကာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အလွန်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာကြောင့် ရာသီလာချိန်ကို ဟန့်တားစေနိုင်ပါတယ်။

အစပထမ ရာသီသွေးလာပြီးမှ ရာသီသွေးထိမ်ခြင်း (Secondary Amenorrhea)

မိန်းကလေးတစ်ဦးက ပုံမှန်အတိုင်း အပျိုဖော်ဝင်ပြီး ရာသီသွေးလာနေရင်းကနေ ရာသီသွေး ထိမ်သွားတဲ့ အခြေအနေကို Secondary Amenorrhea လို့ခေါ်ပါတယ်။ ဒီအခြေအနေ ဖြစ်ရတဲ့ အကြောင်းရင်းတွေက အမျိုးမျိုးပါပဲ။ ဥပမာတွေကတော့-

အပြင်းအထန် နာမကျန်းမှုဖြစ်ခြင်း သို့မဟုတ် ဆေးဝါး သောက်သုံးရခြင်း

အပြင်းအထန် နာမကျန်းမှု ဖြစ်တာကြောင့် ရာသီသွေးဆင်းမှု ရပ်တန့်နိုင်သလို ဆေးဝါးတချို့ကြောင့်လည်း ရာသီသွေး ထိမ်တတ်ပါတယ်။

လေ့ကျင့်ခန်း အလွန်အကြူးလုပ်ခြင်း

လေ့ကျင့်ခန်းက ကျန်းမာရေးအတွက် ကောင်းပေမယ့် လေ့ကျင့်ခန်းကို အလွန်အကျွံ လုပ်တာကြောင့် ဟော်မုန်းအဆင့်ကို ရုတ်တရက် အပြောင်းအလဲ ဖြစ်စေနိုင်ကာ ရာသီစက်ဝန်းကို ရပ်တန့်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်က ရုတ်တရက် ကျသွားရင် ဒါမှမဟုတ် ရုတ်တရက် မြင့်တက်လာရင် ရာသီသွေး ထိမ်တတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း

မိသားစုဝင်တစ်ဦးဦး သေဆုံးတာ၊ ထိခိုက်ဒဏ်ရာ အကြီးအကျယ်ရတာနဲ့ လင်မယားကွဲကွာတာတို့လို အကြောင်းရင်းတွေကြောင့် ရာသီစက်ဝန်း ရပ်တန့်စေနိုင်ပါတယ်။ အိမ်ပြောင်းရတာနဲ့ မင်္ဂလာဆောင်တာတို့လို အသေးအမွှား အဖြစ်အပျက်တွေ ကြုံရရင်တောင် ရာသီစက်ဝန်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

အကျိတ်များ

အကျိတ်တွေကြောင့် ပရိုလက်တင်ခေါ်တဲ့ မိခင်နို့ချို အထွက်များစေတဲ့ ဟော်မုန်းအထွက်များစေပြီး ရာသီသွေး ထိမ်တတ်ပါတယ်။

သိုင်းရွိုက်ရောဂါဝေဒနာများ

သိုင်းရွိုက်ရောဂါ ဝေဒနာတွေကြောင့် ဟော်မုန်းပြဿနာ ဖြစ်စေကာ ရာသီသွေး ထိမ်တတ်ပါတယ်။

သန္ဓေတားဆေးများ

ရုတ်တရက် သန္ဓေတားဆေး မှီဝဲမှုကို ရပ်တန့်လိုက်တာကြောင့် သုံးလနဲ့ အထက်ကြာတဲ့အထိ ရာသီမလာတာမျိုး ဖြစ်တတ်ပါတယ်။ သုံးလကျော်လို့မှ ရာသီမလာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အချိန်မတိုင်ခင် သားဥဆုံးရှုံးခြင်း

အသက် ၄၀ မတိုင်ခင် အစောပိုင်းအချိန်မှာ သွေးဆုံးတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်တွေမှာတောင် တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။ သားဥဟာ လုပ်ငန်းဆောင်တာတွေ ရပ်တန့်လိုက်တာကြောင့် သားဥမကြွေတော့ဘဲ ရာသီသွေး ထိမ်သွားပါတော့တယ်။

မိခင်နို့ချို တိုက်ကျွေးခြင်း

မိခင်နို့ချို တိုက်ကျွေးတာကြောင့် ရာသီသွေးမလာအောင် ဟန့်တားတတ်ပါတယ်။ မိခင်နို့ချို တိုက်ကျွေးမှုကို ရပ်လိုက်ပြီဆိုတာနဲ့ ရာသီပြန်လာနိုင်ပါတယ်။ ဒါက ပုံမှန်ပဲ ဖြစ်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref: By Good Health