ဘဝဆိုသည်မှာ - Kharann Media

Breaking

ဘဝဆိုသည်မှာ



ဖေမြင့် တွေ ဖတ်ပြီး အောင်မြင်သူကြီးဖြစ်ချင်ခဲ့တယ်
မင်းသိင်္ခ ဖတ်ပြီး စနေမောင်မောင်လို စွယ်စုံတော်သူ ဖြစ်ချင်ခဲ့တယ်
မင်းမြတ်သူရ ဖတ်ပြီး အိမ်ကထွက်ပြေးရင် ချမ်းသာမယ်ထင်ခဲ့တယ်
တာတေ ဖတ်ပြီး မဖဲဝါ ခိုင်းစားနိုင်မယ် ထင်ခဲ့တယ်
တာရာမင်းဝေ ဖတ်ပြီး ခပ်ဂျစ်ဂျစ်နေရင် လူချစ်မယ်ထင်ခဲ့တယ်
လူနေ ဖတ်ပြီး ပဟေဋိတတ်ရင် ကျော်ကြားမယ်ထင်ခဲ့တယ်
ဂျူး ဖတ်ပြီး အသည်းနင့်အောင် ချစ်မယ့်သူ လိုချင်ခဲ့တယ်
ကျော်ဝင်း ဖတ်ပြီး ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံ ကျင်လည်ချင်ခဲ့တယ်
နေဇင်လတ်ဖတ်ပြီး စနစ်တခုတည်ထောင်ချင်ခဲ့တယ်
အတ္တကျော်ဖတ်ပြီး မာနလျော့သွားမယ်ထင်ခဲ့တယ်
ဒီရဲဂျာ ဖတ်ပြီး နိုင်ငံကျော်စုံထောက်ကြီးဖြစ်ချင်ခဲ့တယ်
ရွှေပြည်သာဖတ်ပြီး အရိယာဖြစ်ချင်ပြန်တယ်

တကယ်တော့ ဘဝဟာ
တွတ်ပီလို ဒီနေ့ ကံမကောင်းပါလား အော်နေရပြီး
တာရာပွကြီးလို ဝမ်းနည်းစရာတွေနဲ့အဆုံးသတ်တတ်တယ်
မိုးနီလွင်ဇာတ်သိမ်းလို သေကွဲဟာ သေချာနေခဲ့ပြီး
ကိုရွှေထူးရဲ့ ရပ်ကွက်ထဲမှာဗျာ လို အလွဲလွဲကြုံနေကြတာပါ
ဖေမြင့်စာအုပ်ထဲမှာပါဖို့ အောင်မြင်စရာမလိုပါဘူး
မိသားစုလေးအဆင်ပြေပြီး ပတ်ဝန်းကျင်ကိုစိတ်ချမ်းသာဖို့ပဲလိုတယ်
ဘိုဘို လို အီးတီတစ်ယောက်ရှိရင် ဘဝဟာ အစစအဆင်ပြေနိုင်ပြီး စိန်မျောက်မျောက်လို ကမြင်းလို့ရပါတယ်
မင်းလူရဲ့ သဘာဝကျကျဟာသ တပုဒ်မှာ
မင်းခိုက်စိုးစန်လို ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့ဆိုတာ
နီကိုရဲလို အလွဲများများနဲ့မှရမယ်
ဝါကျင့်ကျင့် ဂျာနယ်တွေနဲ့စာအုပ်တွေကြားမှာ
သတ်ပုံအမှားတွေနဲ့ ငါတို့စားသုံးစရာဟာ နည်းပါးနေခဲ့တယ်
_________________________________________
credit: ဉာဏ်လင်းထူး