ထီနံပါတ်တစ်ခုတည်းကို ၂၇နှစ်ကြာစွဲစွဲမြဲမြဲထိုးခဲ့ပြီး ဒေါ်လာ ၃၉၀,၀၀၀ တန်ဆု ပေါက်သွားခဲ့တဲ့ အမေအို - Kharann Media

Breaking

ထီနံပါတ်တစ်ခုတည်းကို ၂၇နှစ်ကြာစွဲစွဲမြဲမြဲထိုးခဲ့ပြီး ဒေါ်လာ ၃၉၀,၀၀၀ တန်ဆု ပေါက်သွားခဲ့တဲ့ အမေအို


မေရိကန်ပြည်ထောင်စု၊ အိုက်ဒါဟိုးပြည်နယ်၊ Boise မြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ထီနံပါတ်တစ်ခုတည်းကို ၁၉၈၉ခုနှစ်ကတည်းကရင်း စွဲစွဲမြဲမြဲထိုးလာပြီးနောက် ၂၇နှစ်အကြာမှာ ဒေါ်လာ ၃၉၀,၀၀၀ တန်ဆုကြီး ပေါက်ခဲ့တယ်လို့ သိရပါတယ်။

အမေအိုရဲ့နာမည်ကတော့ Rosemary Loveland လို့ခေါ်ပြီး သူ့အနေနဲ့ အိုက်ဒဟိုးထီကို အပတ်စဉ် ကံစမ်းရာမှာ နံပါတ်တစ်ခုတည်းကိုပဲ ကံစမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ အမေအိုထိုးထားတဲ့ နံပါတ်ဟာ ကြာသပတေးနေ့ည ထီဖွင့်ရာမှာ ဒေါ်လာ ၃၉၀,၀၀၀ (ကျပ်သိန်းပေါင်း ၄၈၀၀ကျော်ခန့်) ပေါက်ခဲ့ကြောင်း သိခဲ့ရတာပါ။

“နံပါတ်ကိုကြည့်ပြီး နှလုံးခုန်ရပ်တော့မတတ်ပါပဲ” လို့ Loveland ကဆိုပါတယ် “ကျွန်မသမီးကိုဖုန်းဆက်ပြီး ငါပေါက်ခဲ့ပြီ” လို့ပြောခဲ့ကြောင်း သူမကဆက်လက်ပြောကြားခဲ့တာပါ။
Beauty Syh | credit : thithtoolwin