
သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသားဆို ဘယ်ဘက်၊ အမျိုးသမီးဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။
အဲ့ဒီ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ...
1. လက်သန်း ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ... ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးလုပ်ခြင်း မခံရပါ။
2. လက်သန်း အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကိုယ် ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။
3. လက်သန်း အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက်ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။
ထိုနည်းတူစွာ အဲဒီ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ...
4. လက်သန်း အပေါ်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သင့်ကိုယ်သင် ဖော်ပြနိုင်မှု အားနည်းတယ်။ သင်ဟာ မွေးလာကတည်းက ရှက်တတ်တာကြောင့် သင့်ကိုယ်သင် နားလည် ရန်ခက်ခဲ့ပါတယ်။ သင်ဟာ အပေါင်းအသင်းတွေ ကြားမှာတော့ သိပ် ထင်ပေါ် ကျော်ကြားခြင်းမရှိပါဘူး။
5. လက်သန်း အလယ်ပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သစ္စာ ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သင့် စိတ်သဘောထားတွေက အမြဲတမ်း တူညီနေသလို သင်ဟာ လိုက်လျောညီထွေစွာ မပြောင်းလဲတတ်ပါဘူး။ ဒါဟာ အားသာချက် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ သင်ဟာ ခေါင်းမာတတ်တဲ့လူတစ်ယောက် ဆိုတာ ဖော်ပြနေပါတယ်။
6. လက်သန်း အောက်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ တအား ရိုးစင်းပြီး သူများ အပေါ် ခဏလေး နဲ့ ယုံတတ်ပါတယ်။ တအား ရိုးတော့ တစ်ခါတလေ သူများ အပေါ် မယဉ်ကျေးတာမျိုး မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။
Credit: mynamar yoe yar bay din