အရပ်အမောင်းရှည်တာ၊ အသားညိုတာ၊ ရုပ်ရည်ချောမောတာတွေအပြင် အမျိုးသမီးတွေဟာ ယောကျ်ားလေးတွေကို အကဲခတ်တိုင်းတာတတ်တဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ သင့်ဆီမှာ အဲဒီအရည်အချင်းတွေ ဘယ်လောက်ရှိသလဲ ကြည့်ရအောင်။
၁။ သင်ဟာ ပျော်ပျော်နေတတ်တဲ့ သူဖြစ်ခြင်း
မိန်းကလေးတွေအတွက် အရေးကြီးတာက သူတို့ လက်တွဲတဲ့ အမျိုးသားမှာ ဟာသဉာဏ်ရှိပြီး သူမကို အမြဲရယ်မောနေအောင် လုပ်နိုင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေက လူရှေ့သူရှေ့မှာ ရယ်စရာဟာသ တစ်ခုခုကို ပြောဆိုတတ်တဲ့ ယောကျ်ားလေးမျိုးကို သဘောကျပြီး ယေဘုယျအားဖြင့် ပျော်ပျော်နေချင်ကြပါတယ်။
၂။ မားမားမတ်မတ်ရပ်တည်နိုင်ခြင်း
အမျိုးသမီးတွေက ဆုံးဖြတ်ချက်ခိုင်မာတဲ့ ယောကျ်ားကို မလိုချင်ကြပါဘူး။ သူတို့က သူတို့အတွက်သာမဟုတ်ဘဲ အများအတွက်ပါ ရပ်တည်ပေးနိုင်တဲ့ ယောကျ်ားကို လိုချင်ကြတယ်။ တစ်ခုခုဆို ယောင်လည်လည်လုပ်တတ်တဲ့သူမျိုးကို သဘောမကျကြပါဘူး။ အချိန်အခါကျရောက်လာလို့ အမှန်တရားအတွက် ရပ်တည်ရမယ့်အချိန်မှာ အဲ့ဒီတာဝန်ကို လုပ်ဆောင်နိုင်သူတစ်ဦးကိုသာ သူတို့ လိုချင်ကြတာပါ။
၃။ နားထောင်မှုစွမ်းရည် အပြည့်အဝရှိခြင်း
ဘဝဆိုတာ ရှည်လျားလှတဲ့ လမ်းခရီးတစ်ခုပါ။ တခါတလေမှာ အမျိုးသမီးတွေ တောင့်တတတ်တဲ့ တစ်ခုတည်းသောအရာက သူတို့စကားကို နားထောင်ပေးတဲ့သူ ဖြစ်ပါတယ်။ သူတို့ အမှားတွေကို လိုက်ထောက်နေရမှာ မဟုတ်ဘဲ လက်ခံ နားထောင်ပေးဖို့သာဖြစ်ပါတယ်။ ဒီအရည်အချင်းကို လျော့မတွက်လိုက်ပါနဲ့။ အရမ်းအရေးကြီးတဲ့ အရည်အချင်းတစ်ခုနော်…ကိုယ့်လူ။
၄။ ဗဟုသုတကြွယ်ဝခြင်း
ဗဟုသုတကြွယ်ဝနေမှုဟာ အမျိုးသမီးတွေ အလေးထားတဲ့ နောက်ထပ် အရည်အချင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရင်ခုန်တဲ့သူက အားကစား၊ ကမ္ဘာ့အရေး၊ သမိုင်း၊ တေးဂီတ၊ စက်ရုံအလုပ်ရုံဆိုင်ရာ ဗဟုသုတ စတဲ့ လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ သတင်းမျိုးစုံ သိစေချင်ကြတယ်။ အခုခေတ်မှာ အမျိုးသမီးအားလုံးလိုလို ယောကျ်ားတွေမှာ ရှာဖွေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲဒီအချက်ဟာလည်း ယောကျ်ားတွေကို တထူးတခြား ဆွဲဆောင်မှုရှိစေတဲ့ အရည်အချင်း တစ်ရပ်လည်းဖြစ်ပါတယ်။
၅။ အမျိုးသမီးတွေကို အလေးထားခြင်း
အမျိုးသမီးမျိုးတွေအပေါ် လေးစားမှုထားသင့်ပါတယ်။ သူတို့ကို ယောကျ်ား၊ မိန်းမလို့ ခွဲခြားပြီး သဘောမထားသင့်ဘဲ တန်းတူဆက်ဆံသင့်ပါတယ်။ အမျုးိသမီးရဲ့ စိတ်ကူးအိမ်မက်တွေ၊ ကိုယ်ရေးကိုယ်တာတွေကို တန်ဖိုးထားပြီး လွတ်လပ်မှုရအောင် ဖန်တီးပေးသင့်ပါတယ်။ ရှေ့ရေးအတွက် အသက်မွေးကျောင်းလုပ်ငန်းတွေ ရွေးချယ်ဆုံးဖြတ်ရာမှာ အထောက်အကူပေးသင့်ပါတယ်။ သူမကို တန်ဖိုးထားတယ်၊ ချစ်တယ်လို့ ခံစားလာအောင် လုပ်ပေးပြီး သူမရှေ့မှာ အပြုအမူတွေကို ဂရုစိုက်သင့်ပါတယ်။
Trend Myanmar
