ခေါက်ဆွဲခြောက်ထုပ်များကို အန္တရာယ်ကင်းဝေးအောင် စားသောက်နည်း - Kharann Media

Breaking

ခေါက်ဆွဲခြောက်ထုပ်များကို အန္တရာယ်ကင်းဝေးအောင် စားသောက်နည်း


လူအများစုဟာ ရေနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို စားသုံး မှု များကြပါတယ်။ ဒါတွေက ကြာရှည်လည်း အထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်းဖြည်း ပိုမို တွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် (Instant Noodle) တွေကို ဂျပန်နိုင်ငံNissian ကုမ္ပဏီက စတင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်တွေကို နေ့စဉ်စားနေတာဟာ ကျန်း မာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရ တန်ဖိုးနည်းပါးပြီး ဆား(ဆိုဒီ- ယမ်)၊ အဆီ၊ အချိုမှုန့်၊ အရသာစတဲ့ အရာတွေ ပါဝင်မှုများတာကြောင့်ပါ။

ဆား(ဆိုဒီယမ်) ပါဝင်မှုများတာကြောင့် အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်တွေကို နေ့တိုင်းစားရင်
သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက်ကပ် ထိ ခိုက်တာတို့ ဖြစ်တတ်ပါတယ်။

◘ ◘ အရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ ကလေးတွေကို တစ်နေ့မှာ ဆိုဒီယမ် စားနိုင်တဲ့
ပမာဏက ၁၅ဝဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ်မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇ဝဝ မီလီဂရမ်ဖြစ်ပါတယ်။ ◘ ◘

ခေါက်ဆွဲခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန်ရင် ကင်ဆာဖြစ်စေနိုင် ပါတယ်။ အချိုမှုန့် (Monosodium Gluta-mate) ပါဝင်တာကြောင့် သွေးတိုးရောဂါနဲ့ တခြားရောဂါ
ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ အရသာ(Flavor) အဖြစ် အမဲသားအနံ့၊ ပင်လယ်စာအနံ့ စတာ
တွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများ အားဖြင့် အန္တရာယ်ရှိပါတယ်။

ခေါက်ဆွဲထုပ်ကို အများကြီးစားရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက်ဆွဲထုပ်ကို အဆင်သင့် အစာ(Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက်ဆွဲထုပ် တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှုများပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း


- ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက်ဆွဲတွေကို အရင်ဆုံး ရေနွေးထဲထည့်ပြုတ်ပါ။
- ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း
(Wax) ကွာကျသွားပါလိမ့်မယ်။
- ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေးထပ်ထည့်ရပါမယ်။
- ခေါက်ဆွဲကျက်မှ ဆီ၊ ဆားစတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်။

ဒီနည်းက လုံးဝအန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အရင်က လူအများစုဟာ ရေနွေးပြုတ်ထဲ
ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင်စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ်နည်းက ပိုအန္တရာယ်လျော့ပါးသွားတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ် မှာ ပါဝင်မှုနည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာရေး အတွက် ကောင်းပါတယ်။ အန္တရာယ်ကင်းချင်ရင် ခေါက်ဆွဲထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်
နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားမယ်ဆိုရင်တောင် သုံးရက်မှ တစ်ကြိမ်
လောက်ပဲ စားသင့်ပါတယ်။

တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို (အထွေထွေ အထူးကုဆရာဝန်ကြီး)
•••••••••••••••••••••••••••••••••••••••••••••••••••
http://www.mymemo.cf/2016/06/post449.html  credit : ကျန်းမာရေးအတွက် ဆေးတစ်ခွက်