သွေးကင်ဆာကို ကာကွယ်နိုင်တဲ့ အစားအစာ (၄) မျိုး - Kharann Media

Breaking

သွေးကင်ဆာကို ကာကွယ်နိုင်တဲ့ အစားအစာ (၄) မျိုး


ခု ဖော်ပြထားတဲ့ အစားအစာ (၄) မျိုးကို နေ့စဉ် ပုံမှန်စားခြင်းက သွေးကင်ဆာကို ကာကွယ်ပေးနိုင် မှာ ဖြစ်ကြောင်း သုတေသနတွေက ဆိုပါတယ်။

သွေးကင်ဆာ အပါအဝင် ကင်ဆာရောဂါတွေကို ကာကွယ်ဖို့အတွက် ဆေးဝါးတွေထက် ပိုမို အစွမ်း ထက်တဲ့ အစားအစာတွေ ရှိပါတယ်။ အခု ဖော်ပြထားတဲ့ အစားအစာ (၄) မျိုးကို နေ့စဉ် ပုံမှန်စားခြင်း က သွေးကင်ဆာကို ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း သုတေသနတွေက ဆိုပါတယ်။

အစိမ်းရောင် ဟင်းရွက်အမျိုးမျိုး


သုတေသီတွေရဲ့ ၁၂ နှစ်ကြာ လေ့လာမှုများအရ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်အမျိုးမျိုးကို အသုပ်သုပ်စားခြင်း၊ ချက်ပြုတ်စားခြင်းဖြင့် သွေးကင်ဆာကို အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။


အချဉ်ဓာတ်ပါတဲ့ အသီးများ


လူပေါင်း ၆၀,၀၀၀ ကျော်ကို ဆယ်စုနှစ်ကျော် သုတေသနပြု လေ့လာခဲ့မှုအရ အချဉ်ဓာတ်ပါတဲ့ အသီးတွေကို စားပေးခြင်းက သွေးကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။


ပန်းဂေါ်ဖီနဲ့ ပန်းဂေါ်ဖီစိမ်း


ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း စားသုံးခြင်းက သွေးကင်ဆာရောဂါ ဖြစ်နိုင်ခြေ နည်းပါးစေကြောင်း အမေရိကန်နိုင်ငံ အိုင်အိုဝါမှာ ပြုလုပ်ခဲ့တဲ့ သုတေသနက ဖော်ပြပါတယ်။


ကိုက်လန်


ကိုက်လန်စားခြင်းက သွေးကင်ဆာဖြစ်ပွားမှု လျော့နည်းစေကြောင်း ဆယ်စုနှစ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်က ဖော်ပြထားပါတယ်။
_______________________________________
credit to : duwon : source & photo: daily mail


Mar 2.2016 | http://www.mymemo.cf/2016/03/post301.html