တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင်နေတတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။
၁.. အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ မကောင်းတဲ့ အရာတွေဖြစ်ပေါ်လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။ အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံး မှားမှာပဲလို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။
၂.. အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်
ကျွနု်ပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူးရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာနေတတ်သူတွေဟာ ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီ အကောင်းတွေချည်းပဲ ရောက်လာမှာ လို့ ပိုမြင်မိတတ် ကြပါတယ်။
၃.. ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာနေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ် ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင် တာဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ် သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်းဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာအားဖြင့် (ခွင့်လွှတ်ရမယ့်သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။
၄.. မိမိ ဝါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။
__________________________________________
Mar 27.2016 | http://www.mymemo.cf/2016/03/post384.html | credit to : mp4u