Bitcoin ဆိုတာ ဘာလဲ - Kharann Media

Breaking

Bitcoin ဆိုတာ ဘာလဲ



Bitcoin ဆိုတာ သင်္ချာဖော်မြူလာပေါ်အခြေခံပြီး ထုတ်လုပ်ထားတဲ့ Digital currency ၊ လက်ဆုပ် လက်ကိုင်မပြနိုင်တဲ့ Soft currency ငွေကြေးတစ်မျိုး ဖြစ်ပါတယ်။ အင်တာနက်ရွှေဒင်္ဂါးလို့လည်း အလွယ် မှတ်နိုင်ပါတယ်။ တကယ်လည်း ရွှေထက် တန်ဖိုးရှိတဲ့ တန်ဖိုးမြင့်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bitcoin ဟာ တခြား Currency တွေဖြစ်တဲ့ ဒေါ်လာ၊ ယူရို အစရှိတဲ့ ငွေစက္ကူ၊ ငွေဒင်္ဂါးတွေလို ဗဟိုဘဏ်ထိန်းချုပ်မှုမျိုး၊ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာမျိုး မရှိပါဘူး။ မည်သူမဆို လွတ်လပ်စွာ သုံးစွဲနိုင်တယ်၊ Bitcoin logo ရှိတဲ့ ဘယ် အွန်လိုင်းရှော့ပင်းမှာမဆို ဈေးဝယ်နိုင်တယ်၊ ဝန်ဆောင်မှုတွေကို ငွေပေးချေနိုင်တယ်၊ အရောင်းအဝယ်လုပ်နိုင်တယ်။ ရွှေစုသလိုမျိုး ဈေးကျချိန်ဝယ်စုပြီး ဈေးတက်ရင် ပြန်ရောင်းနိုင်တယ်။

Bitcoin ရဲ့ unit က BTC ဖြစ်ပါတယ်။ ယခုလက်ရှိ 1BTC = 420 USD ဈေးပေါက်နေပြီး ဈေးအတက် အကျ ကြမ်းပါတယ်။ ဈေးအတက်အကျကို preev.com မှာ အလွယ်တကူ ကြည့်နိုင်ပါတယ်။ တခြားငွေကြေး ဈေးအတက်အကျဟာ ရွှေတို့၊ ရေနံတို့ အစရှိတဲ့ ရင်းမြစ်တွေပေါ် မူတည်ပြီး အတက်အကျ ဖြစ်ပေမယ့် BTC ကတော့ သူ့ကို မွေးထုတ်ပေးခဲ့တဲ့ software program ရဲ့ သင်္ချာဖော်မြူလာပေါ် မူတည်ပြီး အတက်အကျ ဖြစ်ပေါ်ပါတယ်..။ BTC ကို ဘယ်သူမှ ထိန်းချုပ်မထားဘူး ဆိုပေမယ့် ငွေကြေးဖောင်းပွမှုမဖြစ်အောင်တော့ သင်္ချာဖော်မြူလာနဲ့ ထိန်းချုပ်ပေးထားပါတယ်။

Bitcoin ကို 2009 ခုနှစ်မှာ ဂျပန်လူမျိုး ပရိုဂရမ်မာ ဆာတိုရှီ နာကာမိုတို (Satoshi Nakamoto) က တီထွင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ bitcoin ရဲ့ ရွှေတိုရွှေစလေးတွေကို ဆာတိုရှီ လို့ ခေါ်ကြပါတယ်။ 1 BTC ရဖို့အတွက် satoshi ပေါင်း သိန်း ၁ ထောင်ရှိပါတယ်။  1.00000000 Satoshis ဖြစ်ပါတယ်။ 0.001 ကို ဆာတိုရှီ ၁ သိန်း၊ 0.0001 ကို ဆာတိုရှီ ၁ သောင်း စသည်ဖြင့်မှတ်နိုင်ပါတယ်။

ယနေ့ခေတ်မှာ Bitcion ဟာ အရင်လို လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ Soft Currency မဟုတ်တော့ပါဘူး။ ကမ္ဘာ့နိုင်ငံအချို့မှာ Bitcoin ATM စက်တွေရှိနေပြီဖြစ်ပါတယ်။ ATM ကဒ်အသုံးပြုပြီး bitcoin ကို လက်ဆုပ်လက်ကိုင် ထုတ်ယူသုံးစွဲနိုင်နေပြီဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း Bitcoin ကို တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားနေကြပါပြီ။ Bitcoin ကြောင့် ချမ်းသာလာတဲ့သူတွေလည်း ရှိလာပါပြီ။ Bitcoin ဟာ ခေတ်သစ် ငွေကြေးစနစ်တစ်ခု တစ်စစ ဖြစ်လာနေပါပြီ။ သင်ကိုယ်တိုင်လည်း Bitcoin ကို ရှာဖွေစုဆောင်းနိုင်နေပါပြီ။ နေ့စဉ် အင်တာနက်နဲ့ မကင်းသမျှ အင်တာနက်သုံးတိုင်း Bitcoin ကို ရှာဖွေ စုဆောင်းထားသင့်ပါတယ်။

Bitcoin ကို ရှာဖွေစုဆောင်းဖို့.. ဒီလင့်မှာ လေ့လာနိုင်ပါတယ်။
__________________________________________
source : zinnoya | ref : bitcoin blogs, what is bitcoin?
http://www.mymemo.cf/2016/03/what-is-bitcoin.html