![]() | ![]() | ![]() |
အလုပ္၊ ေက်ာင္းနဲ႕ သြားလာလႈပ္ရွားေနရတဲ့ ေန႕စဥ္ဘဝမွာ ခႏၶာကိုယ္ရဲ႕ က်န္းမာေရးဆိုတာလည္း အေရးၾကီးတဲ့အပိုင္းပါ။ မိန္းကေလးေတြ အေနၿဖင့္ ခႏၶာကုိယ္မွာ တင္ပါးေလးလွေအာင္ဆုိၿပီီး Gym သြားကစားရေအာင္ကလည္း အခ်ိန္နဲ႕ ပိုက္ဆံက စကားေၿပာလာမွာပါ။ အဲဒီေတာ့ လြယ္လြယ္နဲ႕ၿမန္ၿမန္ လွေအာင္ေတာ့ ေန႕စဥ္သြားလာလႈပ္ရွားေနတဲ့အခ်ိန္မွာပဲ ေလ့က်င့္ခန္းေလးကို လုပ္လိုက္ၾက ရေအာင္ေနာ္။
၀၁. ရပ္ေနတဲ့အခ်ိန္မွာ
ကားကိုေစာင့္ေနတဲ့အခ်ိန္၊ တစ္ေယာက္ေယာက္ကိုေစာင့္ေနတဲ့အခ်ိန္၊ မတ္တတ္ရပ္ေနတဲ့အခ်ိန္ကို အသံုးခ်ၾကရေအာင္ေနာ္။ အဲဒီအခ်ိန္မွာ တင္ပါးကိုအားထည့္ၿပီး က်ဳံ႕ၾကည့္ပါ။ ၅စကၠန္႕က်ဳံ႕ၿပီး ၅ စကၠန္႕နားပါ။ ဒီေလ့က်င့္ခန္းေလးကို အၾကိမ္ၾကိမ္လုပ္ႏုိင္ပါတယ္။ တစ္ခုပဲ သတိထားရမွာကေတာ့ ခါးကို မတ္မတ္ထားဖို႕လိုပါတယ္။
၀၂. ထိုင္ေနတဲ့အခ်ိန္မွာ
ထို္င္ေနတဲ့အခ်ိန္မွာ ကိုယ္အေနအထားကမမွန္တတ္ပါ။ ထုိင္ေနတဲ့အခ်ိန္ကို အသံုးခ်ၿပီး တင္ပါးအတြက္ ဘယ္လိုေလ့က်င့္ခန္း လုပ္ရမလဲဆိုေတာ့ ေၿခေထာက္ႏွစ္ေခ်ာင္း ညီညီညာညာ ဒူးကေနစၿပီး ကပ္ထားပါ။ အခ်ိန္နည္းနည္းၾကာလာလွ်င္ ေပါင္အတြင္း ၾကြက္သားက တၿဖည္းၿဖည္း နာလာပါလိ္မ့္မယ္။ တင္ပါးနဲ႕ ဘာမွမဆိုင္ဘူး မဟုတ္လားလို႕ မထင္ပါနဲ႕။ ကိုယ္ခႏၶာရဲ႕ အေလးခ်ိန္က ေၿခေထာက္ရဲ႕အၿပင္ပိုင္းမွာ မ်ားတာၿဖစ္လုိ႔ ေၿခေထာက္အတြင္းပိုင္းရဲ႕ ၾကြက္သားေတြက ပံုမွန္အေၿခအေနမွာ သိပ္အလုပ္မလုပ္ တာေၾကာင့္ တင္ပါးကလည္း ေဘးသို႕ကားသြားေစပါတယ္။ ဒီေလ့က်င့္ခန္းကို လုပ္ၿခင္းအားၿဖင့္ တင္ပါးမွ ၾကြက္သားေတြကိုလည္း ပိုမိုသန္မာလာေစမွာျဖစ္ပါတယ္။
၀၃. လမ္းေလွ်ာက္တဲ့အခ်ိန္မွာ
လမ္းေလွ်ာက္ပံုဆိုတာလည္း အမ်ိဳးမ်ိဳးရွိပါတယ္။ လမ္းေလွ်ာက္တဲ့ပံုကို ၾကည့္ၿပီးေတာ့ အဲဒီသူက ဘယ္သူလဲဆိုတာကို မွန္းလို႕ရတဲ့အခါမ်ိဳးကို ၾကံဳဖူးမွာပါ။ အႏွစ္ႏွစ္အလလ ဒီပံုအတိုင္းပဲေလွ်ာက္ေနမယ္ ဆိုရင္ေတာ့ အရုိးႏွင့္ၾကြက္သားေတြကို ဒဏ္ေပးသလိုၿဖစ္ေနမွာပါ။ ဥပမာ- အေပၚေအာက္ ခုန္သလုိ လမ္းေလွ်ာက္ေနတဲ့သူဟာ ေၿခဖ်ားေထာက္ၿပီး လမ္းေလွ်ာက္ ေနလို႕ပါ။ တင္ပါးေလးလွေအာင္ ဘယ္လို လုပ္ရမလဲဆိုေတာ့ ဖေနာင့္ကို စနစ္တက် အသံုးခ်ဖို႕လိုအပ္ ပါတယ္။ ေၿခေထာက္ကို ေၿမၾကီးနဲ႕ စၿပီးထိတဲ့ အခ်ိ္န္မွာ ဖေနာင့္ကေနစ၍ ထိေစဖို႕လိုပါတယ္။ ဒါေၾကာင့္ ေပါင္အေနာက္ပိုင္းက ၾကြက္သားေတြ ကို လႈပ္ရွားေစၿပီး တင္ပါးမွာရွိေသာ ၾကြက္သားေတြကို လည္း အလုပ္လုပ္ေစမွာၿဖစ္ပါတယ္။
၀၄. ေလွကားအတက္အဆင္းလုပ္တဲ့အခ်ိန္မွာ
ေလွကားတက္တဲ့အခ်ိန္မွာ ေလ့က်င့္ခန္းကိုလုပ္ရမယ္ ဟုတ္လား။ စိတ္ညစ္စရာေကာင္းလိမ့္မယ္လို႕ ထင္ပါတယ္။ ဒါေပမယ့္ ခက္တဲ့ေလ့က်င့္ခန္းမဟုတ္ပါ။ ေလွကားကို ၿမန္ၿမန္မတက္ဘဲ ေၿခဖ်ား ကေန ေၿခဖေနာင့္အထိ ထိထိမိမိ နင္းၿပီး ၿဖည္းၿဖည္း တက္ဖို႕ပဲလိုပါတယ္။ တင္ပါးမွ ေပါင္ရင္း၊ ကိုယ္ခႏၶာေအာက္ပိုင္းကို အသံုးခ်ၿပီး တက္သြားရုံပါပဲ။ ဆင္းရင္လည္း တူတူပါပဲ။ ကိုယ္ခႏၶာကို အေရွ႕ကို ငိုက္မက်ေစဖို႕သတိထားပါေနာ္။
အေပၚကေလ့က်င့္ခန္းေလးေတြကို ေန႕စဥ္သြားလာလႈပ္ရွားရာမွာ သတိေလးထားၿပီးလုပ္ေပးမယ္ဆုိရင္ လွပတဲ့ တင္သားေလးေတြ ပုိင္ဆုိင္လာပါလိမ့္မယ္..။
__________________________________________
source : Chelmo Team
[Unicode]
သီးသန့်အချိန်ပေး Gym မကစားဘဲ တင်သားလေးလှစေမယ့် နည်းလမ်း ၄ သွယ်
![]() | ![]() | ![]() |
အလုပ်၊ ကျောင်းနဲ့ သွားလာလှုပ်ရှားနေရတဲ့ နေ့စဉ်ဘဝမှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဆိုတာလည်း အရေးကြီးတဲ့အပိုင်းပါ။ မိန်းကလေးတွေ အနေဖြင့် ခန္ဓာကိုယ်မှာ တင်ပါးလေးလှအောင်ဆိုပြီး Gym သွားကစားရအောင်ကလည်း အချိန်နဲ့ ပိုက်ဆံက စကားပြောလာမှာပါ။ အဲဒီတော့ လွယ်လွယ်နဲ့မြန်မြန် လှအောင်တော့ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့အချိန်မှာပဲ လေ့ကျင့်ခန်းလေးကို လုပ်လိုက်ကြ ရအောင်နော်။
၀၁. ရပ်နေတဲ့အချိန်မှာ
ကားကိုစောင့်နေတဲ့အချိန်၊ တစ်ယောက်ယောက်ကိုစောင့်နေတဲ့အချိန်၊ မတ်တတ်ရပ်နေတဲ့အချိန်ကို အသုံးချကြရအောင်နော်။ အဲဒီအချိန်မှာ တင်ပါးကိုအားထည့်ပြီး ကျုံ့ကြည့်ပါ။ ၅စက္ကန့်ကျုံ့ပြီး ၅ စက္ကန့်နားပါ။ ဒီလေ့ကျင့်ခန်းလေးကို အကြိမ်ကြိမ်လုပ်နိုင်ပါတယ်။ တစ်ခုပဲ သတိထားရမှာကတော့ ခါးကို မတ်မတ်ထားဖို့လိုပါတယ်။
၀၂. ထိုင်နေတဲ့အချိန်မှာ
ထိုင်နေတဲ့အချိန်မှာ ကိုယ်အနေအထားကမမှန်တတ်ပါ။ ထိုင်နေတဲ့အချိန်ကို အသုံးချပြီး တင်ပါးအတွက် ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲဆိုတော့ ခြေထောက်နှစ်ချောင်း ညီညီညာညာ ဒူးကနေစပြီး ကပ်ထားပါ။ အချိန်နည်းနည်းကြာလာလျှင် ပေါင်အတွင်း ကြွက်သားက တဖြည်းဖြည်း နာလာပါလိမ့်မယ်။ တင်ပါးနဲ့ ဘာမှမဆိုင်ဘူး မဟုတ်လားလို့ မထင်ပါနဲ့။ ကိုယ်ခန္ဓာရဲ့ အလေးချိန်က ခြေထောက်ရဲ့အပြင်ပိုင်းမှာ များတာဖြစ်လို့ ခြေထောက်အတွင်းပိုင်းရဲ့ ကြွက်သားတွေက ပုံမှန်အခြေအနေမှာ သိပ်အလုပ်မလုပ် တာကြောင့် တင်ပါးကလည်း ဘေးသို့ကားသွားစေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့် တင်ပါးမှ ကြွက်သားတွေကိုလည်း ပိုမိုသန်မာလာစေမှာဖြစ်ပါတယ်။
၀၃. လမ်းလျှောက်တဲ့အချိန်မှာ
လမ်းလျှောက်ပုံဆိုတာလည်း အမျိုးမျိုးရှိပါတယ်။ လမ်းလျှောက်တဲ့ပုံကို ကြည့်ပြီးတော့ အဲဒီသူက ဘယ်သူလဲဆိုတာကို မှန်းလို့ရတဲ့အခါမျိုးကို ကြုံဖူးမှာပါ။ အနှစ်နှစ်အလလ ဒီပုံအတိုင်းပဲလျှောက်နေမယ် ဆိုရင်တော့ အရိုးနှင့်ကြွက်သားတွေကို ဒဏ်ပေးသလိုဖြစ်နေမှာပါ။ ဥပမာ- အပေါ်အောက် ခုန်သလို လမ်းလျှောက်နေတဲ့သူဟာ ခြေဖျားထောက်ပြီး လမ်းလျှောက် နေလို့ပါ။ တင်ပါးလေးလှအောင် ဘယ်လို လုပ်ရမလဲဆိုတော့ ဖနောင့်ကို စနစ်တကျ အသုံးချဖို့လိုအပ် ပါတယ်။ ခြေထောက်ကို မြေကြီးနဲ့ စပြီးထိတဲ့ အချိန်မှာ ဖနောင့်ကနေစ၍ ထိစေဖို့လိုပါတယ်။ ဒါကြောင့် ပေါင်အနောက်ပိုင်းက ကြွက်သားတွေ ကို လှုပ်ရှားစေပြီး တင်ပါးမှာရှိသော ကြွက်သားတွေကို လည်း အလုပ်လုပ်စေမှာဖြစ်ပါတယ်။
၀၄. လှေကားအတက်အဆင်းလုပ်တဲ့အချိန်မှာ
လှေကားတက်တဲ့အချိန်မှာ လေ့ကျင့်ခန်းကိုလုပ်ရမယ် ဟုတ်လား။ စိတ်ညစ်စရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခက်တဲ့လေ့ကျင့်ခန်းမဟုတ်ပါ။ လှေကားကို မြန်မြန်မတက်ဘဲ ခြေဖျား ကနေ ခြေဖနောင့်အထိ ထိထိမိမိ နင်းပြီး ဖြည်းဖြည်း တက်ဖို့ပဲလိုပါတယ်။ တင်ပါးမှ ပေါင်ရင်း၊ ကိုယ်ခန္ဓာအောက်ပိုင်းကို အသုံးချပြီး တက်သွားရုံပါပဲ။ ဆင်းရင်လည်း တူတူပါပဲ။ ကိုယ်ခန္ဓာကို အရှေ့ကို ငိုက်မကျစေဖို့သတိထားပါနော်။
အပေါ်ကလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်သွားလာလှုပ်ရှားရာမှာ သတိလေးထားပြီးလုပ်ပေးမယ်ဆိုရင် လှပတဲ့ တင်သားလေးတွေ ပိုင်ဆိုင်လာပါလိမ့်မယ်..။
__________________________________________
source : Chelmo Team