Q..
1. ဆရာခင်ဗျ၊ ကျွန်တော့်ရဲ့ချစ်သူ အသက် ၂၅ နှစ်။ ရာသီလာရင် ဗိုက်အရမ်းအောင့်တယ်။ တအားကို နာတယ် ပြောတယ်။ ဆရာ့ရဲ့ blog မှာအရင်က ဖတ်ဖူးပေမယ့် ခုပြန်ရှာလို့မရတော့ပါ။ အခုအဲဒါ အရမ်း စိုးရိမ်ရလားခင်ဗျ။ သူကအပျိုဖော်ဝင်စ ကတည်းက နာတာလို့ပြောပါတယ်ဆရာ။ ဘာလုပ်သင့်သလဲခင်ဗျ။
2. ဆရာရှင့် မိန်းကလေးများ အများအားဖြင့် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လို လုပ်ပေးရမှာလဲ။ နောက်ဆက်တွဲပြဿနာ ရှိလာနိုင်သလား။
A..
ရာသီလာချိန်မှာ နာတာကို Dysmenorrhea ခေါ်တယ်။ Painful Period ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလည်း ပါတယ်။ နည်းနည်းလောက်၊ ၁-၂ ရက်လောက်ဆို စိုးရိမ်စရာမလိုပါ။ တချို့မှာ ပျို့ချင် အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလည်း ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလည်း ရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)
တချို့မှာ သိပ်ဆိုးဆိုးဝါးဝါး ခံစားရလို့ ရာသီကို ၃ လနေမှ တစ်ခါသာလာအောင် တားဆေး ဆက်တိုက်ပေးရတယ်။ စာတစ်ပုဒ်ရေးထားပါတယ်။
အများစုမှာ နောက်ဆက်တွဲ ပြဿနာမရှိပါ။
NSAIDs (စတီရွိုက်) မပါတဲ့ အများသုံး အကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။ Ibuprofen, Ketoprofen, Naproxen, Meferannic acid တစ်ခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ ရတယ်။ ဒီဆေးတွေကို ကုမ္ပဏီတွေက နာမည် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့ သူတွေ သွေးဆင်းစ ကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တစ်နေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။
နာတဲ့နေရာကို ရေနွေးအိတ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။ ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။
သတိထားရမှာတွေကတော့ Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့ Fibroids (ဖိုက်ဘရွိုက်) သားအိမ် အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။ စာတွေရေးထားပါတယ်။
__________________________________________
ဒေါက်တာတင့်ဆွေ
Feb 25.2016 | http://www.mymemo.cf/2016/02/post271.html