
ပုံမှန်အားဖြင့် လိုက်ဖက်တယ်၊ သင့်တော်တယ်လို့ ယူဆပြီး တွဲဖက်စားလေ့ရှိတဲ့ အစားအစာတွေကို သေချာလေ့လာ ဆန်းစစ်ကြည့်တဲ့အခါမှာ တွဲဖက် မစားသင့်တာကို တွေ့ရှိခဲ့ပါတယ်။ ဒီအစားအစာတွေ ကတော့ ...
ထမင်းစားပြီးပြီးချင်း အသီးအနှံစားခြင်း
အသီးအနှံတွေက ကျေပျက်လွယ်ပြီး အစာအိမ်ထဲကို အလျင်အမြန်ရောက်သွားပြီး အူတွေက စုပ်ယူရပါတယ်။ ထမင်းစားချိန်နဲ့ နီးလို့ အသီးအနှံတွေက ထမင်း၊ အသား၊ ငါးတွေနဲ့ ရောသွားတဲ့အခါမှာ အစာချေလမ်းကြောင်းထဲမှာ ကြာမြင့်နေပြီး အချဉ်ပေါက်လာ တတ်ပါတယ်။ ဒါက အူနံရံတွေကို ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။
ထမင်းနှင့် ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက အက်ဆစ်ဓာတ်ရှိတဲ့ အသီးအနှံဖြစ်တဲ့အတွက် ထမင်းနဲ့အတူရောစားတဲ့အခါမှာ အစာချေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။
အသီးအနှံနှင့် ဒိန်ချဉ်
နို့ နဲ့ နို့ထွက်ပစ္စည်းတွေက နှာခေါင်းပိတ်တာ၊ အအေးမိတာ နဲ့ ဓာတ်မတည့်တာတွေကို ဖြစ်စေနိုင်ပါတယ်။နောက်ပြီး ဒိန်ချဉ်နဲ့ အသီးအနှံတွေကို ရောလိုက်တဲ့အခါ အဲ့ဒီ လက္ခဏာတွေကို ပိုပြီးပြင်းထန်စေပါတယ်။
ဘာဂါနဲ့ အာလူးချောင်းကြော်
အမြန်စာတွေက ပုံမှန်အားဖြင့် ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ အဆီများပြီး တာရှည်ခံဆေးတွေနဲ့ တခြား ဓာတုဗေဒ ပစ္စည်းတွေပါဝင်ပါတယ်။ ဒီလို အစားအစာမျိုးကို အာလူးချောင်းကြော်ထဲက သကြားဓာတ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ရောင်ရမ်းခြင်းကို ဖြစ်စေတတ်သလို အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။
ဝိုင်နဲ့ ပူတင်း
အယ်ကိုဟောကသွေးတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး အင်ဆူလင်ထုတ်လုပ်မှုကို တိုးစေပါတယ်။ဒါကြောင့် ပူတင်းထဲက များပြားတဲ့ သကြားပမာဏနဲ့ ပေါင်းစပ်လိုက်ရင် အဆီပိုတွေအဖြစ် သိမ်းဆည်း လိုက်တဲ့အတွက် အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
__________________________________________
Trend Myanmar
Feb 23.2016 | http://www.mymemo.cf/2016/02/post259.html