သင်ကြိုက်နှစ်သက်တဲ့ ကော်ဖီကပြောတဲ့ သင့်အကြောင်း - Kharann Media

Breaking

သင်ကြိုက်နှစ်သက်တဲ့ ကော်ဖီကပြောတဲ့ သင့်အကြောင်း

သင်ကြိုက်နှစ်သက်တဲ့ ကော်ဖီအပေါ်မူတည်ပြီး သင် ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြ ရအောင်နော်။ အောက်မှာ ကော်ဖီ ၈ မျိုးရှိပြီး အဲဒီအထဲက သင်ကြိုက်နှစ်သက်တဲ့ ကော်ဖီကို ရွေး ကြည့်ပါ။ 

01. ESPRESSO


ခေါင်းဆောင်ဖြစ်ချင်သူ »
အလုပ်မှာကော ပျော်ရာမှာပါ အားကုန်သုံးလေ့ရှိပြီး အောင်မြင်ဖို့ရန် ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည် ထားသူပါ။ သူရဲ့ကြိုးစားပုံက ပတ်ဝန်းကျင်ကသူတွေအတွက် ကောင်းကျိုးတွေကို သယ်ပိုးနိုင်မှာပါ။

02. DOUBLE ESPRESSO 


အတွေးခေါင်သူ »
သူများတွေနဲ့မတူ အားလုံးကို စေ့စေ့စပ်စပ်တွေးနေတတ်သူ ဖြစ်သော်လည်း အလုပ်မှာတော့ ကျွမ်းကျင်သောသူ ဖြစ်ပါလိမ့်မယ်။

03. LATTE


အေးအေးဆေးဆေးနေသူ »
လောကကြီးမှာ အချိန်တွေက ဖြည်းဖြည်းပဲ ကုန်နေတယ်လို့ ယူဆထားတယ်။ ဘာကို မဆို အေးအေးဆေးဆေး စဉ်းစားတွေးတောချင်သူပါ။ ငြိမ်သက်နေတဲ့အချိန်ကို သဘောကျပြီး စိတ်ငြိမ် ချိန်မှာ ကော်ဖီသောက်ရတာကို သိပ်သဘောကျသူပါ။

04. CAPPUCCINO 


အထက်တန်းဆန်သူ »
ဘာမဆို သန့်သန့်ရှင်းရှင်းနဲ့ သူ့ကိုကြည့်လိုက်ရင်ကျော့နေတာပါပဲ။ ပြုံးပြုံးရွှင်ရွှင်နေတာ ထက် အေးအေးဆေးဆေးနေတတ်သူပါ။ အနုပညာကဲ့သို့ ဖန်တီးရာတွင်လည်း အလွန်ပင် တော်တတ် ပါတယ်။

05. FRAPPUCCINO 


စွန့်စားသူ »
လူတွေမလုပ်သေးတဲ့အရာကို လုပ်မယ်ဆိုတဲ့သူပါ။ စနစ်တကျလေ့လာပြီး လုပ်တာထက်ကို စိတ်ထဲ မှာ ပေါ်လာတဲ့အရာကို လုပ်မယ်ဆိုတဲ့သူပါ။ စိတ်အနေအထားကတော့ ပျော်ပျော်နေတတ်သူပါ။ အချိုတွေ ကို လျှော့စားစေချင်ပါတယ်။

06. ICED COFFEE 


တကိုယ်ကောင်းဆန်သူ »
ကိုယ်ပြောချင်တာတွေကို ချက်ချင်းပြောရမှ ကျေနပ်သူပါ။ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားနေသူပါ။

07. REGULAR COFFEE BLACK 


ရိုးအေးသူ »
ရိုးရိုးရှင်းရှင်းလေးနေရတာကို ကြိုက်တဲ့သူပါ။ စိတ်ထားကလည်း ရိုးရှင်းသူဖြစ်တာကြောင့် သူငယ်ချင်း အပေါင်းအသင်းများသူပါ။

08. REGULAR COFFEE (CREAM AND SUGAR)


စည်းကမ်းတကျနေသူ »
စည်းကမ်းတကျနေထိုင်ရတာကို ကြိုက်နှစ်သက်သူပါ။ နေ့တိုင်း စေ့စေ့စပ်စပ်တွေးတောပြီး နေရတာကိုက သူ့အတွက်ဆေးတစ်ခွက်ပါ။
__________________________________________
Credit: ChelmoTeam
__________________________________________
Feb 15.2016 http://www.mymemo.cf/2016/02/post225.html