နေ့လည်ခင်း တစ်ရေးအိပ်ခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးများ - Kharann Media

Breaking

နေ့လည်ခင်း တစ်ရေးအိပ်ခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးများ


နေ့လည်ခင်း တစ်ရေးအိပ်ခြင်းက စိတ်ရော လူပါ အင်အားပြန်ပြည့်စေနိုင်တဲ့ အထိရောက်ဆုံးနည်း ဖြစ်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို လျော့နည်းစေပြီး အသိဉာဏ် ဖြင့် ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ ပိုပြီး စွမ်းဆောင်ရည် တိုးတက်စေပါတယ်။ ဒါပေမယ့် ဒီလို အကျိုးကျေးဇူးတွေ ရနိုင်ဖို့ အတွက် တစ်ရေးအိပ်သင့်တဲ့ အချိန်တွေရှိပါတယ်။

အမေရိကန်နိုင်ငံ အချို့မှာ တစ်ရေးအိပ်ခြင်းက ပျင်းရိတဲ့သူတွေ၊ ရည်မှန်းချက်မရှိတဲ့ သူတွေနဲ့  အသက် အရွယ် အိုမင်းသူတွေသာ အိပ်ကြတယ်လို့ ယူဆခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ တစ်ရေးအိပ်စက်ခြင်းက မိမိကိုယ်ကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံး အရာဖြစ်ပါတယ်လို့ သတ်မှတ်လာကြ ပါတယ်။ နေ့လည် တစ်ရေးအိပ်ဖို့ အကောင်းဆုံး အချိန်က နေ့လည် ၁ နာရီက  ၃ နာရီ အတွင်းဖြစ်ပါတယ်။ တစ်ရေးအိပ် ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတွေကတော့ -

  • ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေခြင်း
  • စိတ်ခံစားမှု ပိုကောင်းစေခြင်း
  • စိတ်သက်သာရာရခြင်း
  • စွမ်းဆောင်ရည် ပိုမိုတိုးတက်စေခြင်း
  • အကြောင်းအရာတစ်ခုကို လျင်မြန်စွာ တုန့်ပြန်နိုင်ခြင်း
  • မှတ်ဉာဏ်ပိုမိုကောင်းမွန်စေခြင်း
  • နိုးကြားမှုတိုးတက်စေခြင်း တို့ပဲ ဖြစ်ပါတယ်။

သုတေသီတွေရဲ့အဆိုအရ တစ်ခါအိပ်ရင် မိနစ် ၃၀နဲ့ တစ်ပတ်ကို ၃ ကြိမ်ခန့် နေ့လည်ခင်းတစ်ရေး အိပ်တဲ့ သူတွေက မအိပ်တဲ့သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၇% လျော့နည်းပြီး စိတ်ဖိစီးမှုလည်း ကင်းဝေးစေတယ်လို့ ဆိုပါတယ်။
___________________________________________
ခင်သူဇာ (trend) | ref:timesofeducation

Mar 3.2016 | http://www.mymemo.cf/2016/02/post303.html