ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ရဘူး။ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေ ပြီး ရေသုံးခွက်စီလောက် လောင်းပေးရမယ်။ ဒါက တစ်ကိုယ်လုံးမှာပျံ့နှံ့နေတဲ့ အပူခိုးတွေကိုခြေထောက် ဆီရောက်သွားအောင် ဆွဲချလိုက်တာပါ။
အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပျံ့နှံ့နေတာပါ။ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ အကုန်ပြေးလာကြပါတယ်၊ ဒါကြောင့်မျက်စိကို တစ်ကိုယ်လုံးက အပူခိုး၊ အပူငွေ့တွေ လာရိုက်တော့တာပေါ့။
သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ။ မျက်လုံးနှစ်လုံးစလုံး "ရဲ" နေတာတွေ့ရ လိမ့်မယ်။ အဲ့ဒီလို အပူခိုးတွေ ရိုက်ပါများလာတဲ့အခါ "ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့"။ ဒါကြောင့် အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင် ခြေထောက်ကို အရင်ရေလောင်းရတာပေါ့။
ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း ချက်ချင်း မျက်နှာမသစ်ရသေးဘူး။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက် ကို ခေါင်းပေါ်မြှောက်တင်လိုက် အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ်။
အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကိုနောက်ကျောဘက်ရောက်နိုင် သလောက် လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက် ငုံ့ရမယ်။ ဒါကလည်းအကြိမ် ၂၀ လောက်ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ်။
ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ။ သေချာသိချင်ရင် ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့။
ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ်။ အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာ သစ်ရမယ်။ သွားမတိုက်ရသေးဘူး။ ပါးစပ်ကိုပိတ်ထားရမယ်။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေတော့။ ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့။
အဲ့ဒီကျတော့မှ သွားတိုက်ရမယ်။ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ။ ဒီနည်းကတော့ "အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ " ကို ကြိုတင်ကာကွယ်နည်းပါ။
နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ်။ ညဘက်ကိုနည်းနည်းပဲ ကြည့်စေ ချင်တယ်။ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ်။ မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက မျက်မှန်တပ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ။
______________________________
အရှင်ဇဝန (မေတ္တာရှင် - ရွှေပြည်သာ) စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည် | မေတ္တာဖြင့် ... မြစိုး