Mar 5.2016
ကျွန်တော် အခုရေးမယ့်သတင်းဆောင်းပါးလေးဟာ နိုင်ငံရဲ့သယံဇာတကို ချစ်တဲ့သူတစ်ယောက်ရဲ့ အစိုးရိမ်ပိုမှု ဖြစ်နိုင်သလို မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှာ တည်ထားတဲ့ တယုတ်နီကယ်စက်ရုံအရောက် မန္တလေးတိုင်း တကောင်းဘက်ကနေ မြင့်မားလှတဲ့ တောင်တန်းကြီးတွေကိုကျော်ဖြတ်ပြီး သတ္တုရိုင်းတွေ ကို ရွေ့လျား စက်တွေနဲ့ သယ်ပို့နေလို့ပဲ ဖြစ်ပါတယ်၊ တကောင်းတောင် နီကယ်သတ္တုတူးဖော်ရေး စီမံကိန်းကို တရုတ်နိုင်ငံရှိ China Nonferrous Metal Mining Group {CNMC} ကုမ္ပဏီနဲ့ Taiyuan Lron and steel Group ကုမ္ပဏီ တို့ က ၂၀၀၉ ခုနှစ် မှာ စတင် တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်၊
မြန်မာနိုင်ငံတွင် အကြီးဆုံးစက်ရုံဖြစ်ပေမယ့် လူသိနည်းလွန်းလှပါတယ်၊ စက်ရုံဖွင့်ပွဲလည်း ယခုအချိန်ထိ မလုပ်ရသေးပါဘူး၊ စက်ရုံဟာ တည်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် အုပ်စု မောင်းကုန်းကျေးရွာအနီး တည်ရှိပါတယ်။ နိုင်ငံအဝှမ်းက ပြည်သူလူထုတွေ မသိကြပေ မယ့် ဒေသခံတွေနဲ့ ဒေသအနီးနေထိုင်သူတွေကတော့ ဒီစက်ရုံအကြောင်း သိကြပါတယ်၊
မြင့်မားရှည်လျားလှတဲ့ တောင်တန်းကြီးတွေကိုကျော်ဖြတ်ပြီး သတ္တုရိုင်းတွေကို ရွေ့လျားစက်တွေနဲ့ သယ်ပို့နေတာကို ဒေသအနီးကလူတွေ အတွက် ဒီရွေ့လျားစက်ဟာ ထင်သာမြင်သာရှိပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှာ တည်ထားတဲ့ တယုတ်နီကယ်စက်ရုံရဲ့ မြေအောက်မှာ ဥမှင်လိုဏ်ခေါင်း ဖောက်ထားတာကိုတော့ သိသူမြင်သူ နည်းပါးလှပါတယ်၊ အဲဒီ မြေအောက် ဥမှင်လိုဏ်ခေါင်းဟာ အလွန်ရှည်လျားကြောင်းလည်း သိရှိရပါတယ်၊ အချို့တတွေပြောဆိုချက်အရ တယုတ်ပြည်အထိ ရှိနိုင်တယ်လို့ သတင်းရရှိထားပါတယ်၊ ဒါကို မဖြစ်နိုင်ဘူးလို့ မထင်ကြပါနဲ့၊ အဲဒီစက်ရုံကို တယုတ်ပြည်ကနေ လျှပ်စစ်ဓာတ်အား တိုက်ရိုက်ယူထားတာကို ကြည့်ခြင်းအားဖြင့် စိုးရိမ်စဖွယ် အခြေအနေလို့ သုံးသပ်သင့်ကြပါတယ်၊
နေပြည်တော်မှ(နေပြည်တော်မှ၊ နေပြည်တော်မှ)သက်ဆိုင်ရာ အနေနဲ့ စက်ရုံတွေထဲကို ဝင်ရောက် စစ်ဆေးသင့်ပါတယ်၊ တကယ်ဟုတ်နေရင်နိုင်ငံစီးပွားရေး အတွက်သာမက လုံခြုံရေး စစ်ရေး အတွက်ပါ အန္တရာယ်ရှိပြီ ဖြစ်ပါတယ်၊ ကျွန်တော်တို့ မီဒီယာအနေနဲ့ကတော့ မြေအောက် ဥမှင်လိုဏ်ခေါင်းခေါင်းထဲကို ရှားရှားပါးပါးရောက်ဖူးခဲ့သူ မြန်မာ တစ်ယောက်နဲ့ ချိတ်ဆက်မိနေပါပြီ၊ မြန်မာတွေကို မြေအောက် ဥမှင်လိုဏ်ခေါင်းထဲ အဝင်မခံပေမယ့် ကျွန်တော်တို့ချိတ်ဆက်မိထားတဲ့သူဟာ မြန်မာနိုင်ငံဖွား တရုတ်ဖြစ်နေတဲ့ အတွက်ရယ် စကားပြန်လူယုံ ဖြစ်နေတဲ့အတွက်ရယ်ကြောင့်သာ ဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်၊
အကြမ်းဖျင်း သူပြောပြတာကတော့ တစ်ရက်မှာ မြေအောက် ဥမှင်လိုဏ်ခေါင်းထဲက ရွေ့လျားစက် ရပ်သွားတဲ့အတွက် တရုတ်အင်္ဂျင်နီယာက ပြုပြင်ရန် အဖေါ်ခေါ်လို့ လိုက်သွားရတာဖြစ်ပါတယ်၊ သူတို့သွားချိန်ဟာ ၁နာရီကျော်ကြာပြီး အဲဒီနေရာမှာ ပြစ်ချက်တွေ့လို့ ပြုပြင်ပြီး ပြန်လှည့်ခဲ့တာ ဖြစ်ပါတယ်၊ နောက်ထပ် ဆက်သွားလို့ ရပေမယ့် ဘယ်အထိရတယ်ဆိုတာ သူမသိခဲ့ပါဘူး၊
အဲဒီစကားပြန်နဲ့ ချိတ်ဆက်လို့ ရနေပြီဖြစ်လို့ နောက်၂/၃ရက်လောက်မှာ သူ့အင်တာဗျူးကို ဖေါ်ပြပေးသွား ပါမယ်ခင်ဗျာ...
စက်ရုံရဲ့ အမည်ဟာ (Myanmar CNMC Nickel Co.Ltd ) ဖြစ်ပြီး
တရုတ်လိုမှာ (中色镍业(缅甸)有限公司。) ဖြစ်ပါတယ်။
__________________________________________
(ဟာဂျူလီ-ကသာ)
Mar 6.2016 | http://www.mymemo.cf/2016/03/post321.html